Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ

မ ၆၀ ပါ သားအိမ်ခေါင်ကင်ဆာ ကုသနေပါတယ် ငှက်သိုက်တိုက်လို့ရမလားဗျ

အဲလိုမေးခွန်းမျိုးတွေကို ဖြေရတာ အားနာစရာကောင်းတယ်။ ကင်ဆာမှန်သမျှ စောစောသိပြီး စနနစ်တကျကုသရမယ်။ အစာနဲ့ မပျောက်။ အားဆေးနဲ့ မပျောက်။ ဖြည့်စွက်စာနဲ့ မပျောက်ပါ။

ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ
1. အစာတမျိုးထဲကနေ ကင်ဆာကို နိုင်အောင် မကူနိုင်ပါ။
2. အရောင်တွေစုံတာ ကောင်းတယ်။
3. ကင်ဆာတိုက်စရာ မနက်စာစားပါ။
4. ဖေါလိတ်များတာ စားပါ။
5. ဆိုင်စာတွေ သတိနဲ့စားပါ။
6. ခရမ်းချဉ်းသီးတွေက တပ်သားကောင်းတွေဖြစ်တယ်။
7. လက်ဖက်ရည်ကြမ်းဟာ ကင်ဆာ တိုက်ဖျက်ရာမှာ ကောင်းတယ်လို့ လူပြောများနေတယ်။
8. စပျစ်သီးလေးတွေလဲ အားကိုးနိုင်တယ်။
9. အရက်သေစာ လျှော့သောက်ပါ။
10. ရေက ရေငတ်သာ ပြေစေတာ မဟုတ်ပါ။
11. ပဲသီးတွေလဲ အားကြီးတယ်။
12. မုံလာအမျိုးမျိုးတွေလဲ ကောင်းတာဘဲ။
13. စိမ်းစိုနေတဲ့အရွက်တွေ စားပေးပါ။
14. ဝါဝင်းနေတဲ့ နနွင်း
15. ချက်ပြုတ်နည်းတွေလဲ လိုသေးတယ်။
16. (ဘယ်ရီ) သီးလေးတွေချိုပါတယ်။
17. (ဘယ်ရီ) သီးပြာပြာ ကောင်းပါတယ်။
18. သကြားပုလင်းလေး လှမ်းလိုက်စမ်းပါ။
19. ဗီတာမင်တွေက ကောင်းပါတယ်။

1. Fighting Cancer by the Plateful အစာတမျိုးထဲကနေ ကင်ဆာကို နိုင်အောင် မကူနိုင်ပါ။
ဒါကြောင့် ပန်းကန်နဲ့အပြည့်ဆိုသလို ရောပြွမ်းစားသင့်တယ်။ (ပရိုတင်း) ဓါတ်ဟာ အသီးအနှံကနေရတာက ၃ ပုံ ၂ ပုံ နဲ့ အသားကနေရတဲ့အာဟာရ ၃ ပုံ ၁ ပုံ ပါနေသင့်တယ်။ ဒါမျိုးကို မျှတတယ်လို့ သတ်မှတ်တယ်။

2. Fighting Cancer With Color အရောင်တွေစုံတာ ကောင်းတယ်။
ကင်ဆာကို (ကာလာ) နဲ့ တိုက်မယ်ဆိုတဲ့သဘောဘဲ။ အသီးတွေ၊ အရွက်တွေမှာ ကင်ဆာကို ခံတိုက်နိုင်တာတွေ ပါတယ်။ အရောင်စုံတာ စားရင် ခံတိုက်နိုင်တာတွေလဲ များစေမယ်။ တဖက်တလမ်းအနေနဲ့လဲ ကိုယ်အလေးချိန်ကို ထိန်းနိုင်သေးတယ်။ လူက ဝနေတာ ကင်ဆာတွေကို ဖိတ်ခေါ်ရာကျတယ်။ ကိုယ်အလေးချိန် များသူတွေဟာ အူမကြီး ကင်ဆာ၊ အစာမျိုပြွန် ကင်ဆာနဲ့ ကျောက်ကပ် ကင်ဆာတွေ ဖြစ်စေဘို့ လမ်းများတယ်။

3. The Cancer-Fighting Breakfast ကင်ဆာတိုက်စရာ မနက်စာ စားပေးပါ။
Folate ဖေါလိတ် (ဖေါလစ်အက်စစ်) ဟာ အရေးပါတဲ့ ဗီတာမင် ဘီ ၉ ဖြစ်တယ်။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ နဲ့ အစာဟောင်းအိမ်-ကင်ဆာတွေအတွက် ကောင်းတယ်။ မနက်စာအတွက် အထူးစီမံထားတဲ့ အဆံတွေနဲ့လုပ်ထားတာတွေ နဲ့ ဖြူဆွတ်နေအောင် ချွတ်မထားတဲ့ ဂျုံမှုံ့နဲ့လုပ်ထားတဲ့ အစားအစာတွေထဲမှာ အများကြီး ပါနေတယ်။ Orange juice လိမ်မော်ရည်၊ Melons ဖရဲသီး နဲ့ Strawberries (စထောဘယ်ရီ) တွေထဲမှာလဲ ပါနေတာဘဲ။

4. More Folate-Rich Foods ဖေါလိတ်များတာ စားပါ။
Asparagus ကညွတ် နဲ့ Eggs ဥတွေထဲမှာလဲ ပါတာဘဲ။ Chicken liver ကြက်သဲ၊ Beans ပဲသီးတွေ၊ Sunflower seeds နေကြာစေ့ နဲ့ Leafy green vegetables အရွက်စိမ်းတွေ ဥပမာ Spinach ဟင်းနုနွယ် နဲ့ Romaine lettuce ဆလတ်ရွက် တွေထဲလဲ ပါတယ်။ (ဖေါလစ်အက်စစ်) ဆေး သောက်တာထက် ဒါတွေကို စားလို့ရတာက ပိုကောင်းတယ်။

5. Pass Up the Deli Counter ဆိုင်စာတွေ သတိနဲ့စားပါ။
Reuben sandwich (ဆင်းဒ်ဝစ်ခ်ျ) နဲ့ Hot dog (ဟော့-ဒေါ့ခ်) တွေကို တခါတလေစားတာ အန္တရာယ်မပေးပါ။ ဒါပေမဲ့ Processed meats အထားခံအောင် စီမံထားတဲ့ အသားတွေနဲ့ လုပ်ထားတဲ့ Bologna (ဘိုလောင်ဂါ) အီတလီအစာ၊ Ham ဝက်ပေါင်ခြောက် နဲ့ Hot dogs (ဟော့-ဒေါ့ခ်) တွေကိုတော့ Colorectal အူမကြီး-စအို နဲ့ Stomach cancers အစာအိမ် ကင်ဆာတွေအတွက် လျှော့စားတာ ကောင်းတယ်။

6. Cancer-Fighting Tomatoes ခရမ်းချဉ်းသီးက တပ်သားကောင်းဖြစ်တယ်။
ခရမ်းချဉ်းသီးတွေ နီရဲနေတာဟာ Lycopene ဓါတ်ကြောင့်ဖြစ်တယ်။ Prostate cancer ဆီးကျိတ် ကင်ဆာ အပါအဝင် ကင်ဆာတွေကို တိုက်ဖျက်ရာမှာ အရေးပါတယ်။ Processed tomato products ပြုပြင်စီမံထားတာတွေဖြစ်တဲ့ Juice ဖျော်ရည် Sauce (ဆော့စ်) နဲ့ Paste (ပေ့စ်) တွေကနေလဲ ကူနိုင်မယ်လို့ ယူဆရတယ်။

7. Tea's Anticancer Potential
Green tea လက်ဖက်ရည်ကြမ်းဟာ ကင်ဆာ တိုက်ဖျက်ရာမှာ ကောင်းတယ်လို့ လူပြောများနေတယ်။ သက်သေပြစရာ သိပ်စုံသေးတာ မဟုတ်ပါ။ ဓါတ်ခွဲခန်းမှာ စမ်းတော့ Colon အူးမကြီး၊ Liver အသဲ၊ Breast ရင်သား နဲ့ Prostate ဆီးကျိတ် ကင်ဆာ ဆဲလ်တွေကို ပြန့်ပွါးတာ နှေးစေတယ်။ Lung အဆုပ် နဲ့ Skin အရေပြားတွေလဲ အတူတူဘဲ။ Bladder ဆီးအိမ် stomach အစာအိမ် နဲ့ Pancreatic သရက်ရွက် ကင်ဆာတွေအတွက်လဲ အတူတူဘဲ။

8. Grapes and Cancer Grapes စပျစ်သီးလေးတွေလဲ အားကိုးနိုင်တယ်။
Resveratrol ဓါတ်ပါတဲ့ Purple ခရမ်းရောင် နဲ့ Red grapes အနီရောင် စပျစ်သီးတွေကနေလုပ်တဲ့ Grape juice စပျစ်ဖျော်ရည်လဲ ကောင်းတယ်။ ဒီဓါတ်မှာ Antioxidant (အင်တီ-အောက်စီဒင့်) နဲ့ Anti-inflammatory (အင်တီ-အင်ဖလင်မေထရီ) သတ္တိတွေ ပါတယ်။

9. Limit Alcohol to Lower Cancer Risk
အရက်သေစာ လျှော့သောက်ပါ။ Mouth ပါးစပ်၊ Throat လည်ချောင်း၊ Larynx လေပြွန်၊ Esophagus အစာမြိုပြွန် Liver အသဲ ကင်ဆာ နဲ့ Breast ရင်သား ကင်ဆာတွေအတွက် ကောင်းတယ်။ အရက်ကနေ Colon အူမကြီး နဲ့ Rectum အစာဟောင်းအိမ် ကင်ဆာတွေကို ဖြစ်စေနိုင်တယ်။

10. Water and Other Fluids Can Protect
ရေက ရေငတ်သာ ပြေစေတာ မဟုတ်ပါ။ Bladder cancer ဆီးအိမ် ကင်ဆာကိုပါ ကာကွယ်ရာ ကျတယ်။

11. The Mighty Bean ပဲသီးတွေလဲ အားကြီးတယ်။
ပဲသီးတွေထဲမှာ Phytochemicals ဓါတ်တွေပါနေတာက (ဆဲလ်) တွေ ပျက်စီးတာကို ကာကွယ်မှု ပေးတယ်။

12. The Cabbage Family မုံလာအမျိုးမျိုးတွေလဲ ကောင်းတာဘဲ။
Broccoli မုံလာစိမ်း၊ Cauliflower မုံလာပွင့်၊ Cabbage မုံလာထုပ်၊ Brussels ကွမ်းသီးဂေါ်ဖီထုပ် Sprouts အစို့အညှောင့် နဲ့ Kale ကိုက်လန်တွေ အားလုံးဘဲ။ Colon အူမကြီး၊ Breast ရင်သား၊ Lung အဆုပ် နဲ့ Cervix သားအိမ်ဝ ကင်ဆာ တွေအတွက် ကောင်းတယ်။

13. Dark Green Leafy Vegetables စိမ်းစိုနေတဲ့အရွက်တွေ စားပေးပါ။
Mustard greens မုံညင်းရွက်၊ Lettuce ဆလတ်ရွက်၊ Kale ကိုက်လန်၊ Chicory (ချီကိုရီ)၊ Spinach ဟင်းနုနွယ် နဲ့ Chard ဆွစ်ဇာလန်အရွက်တွေကိုပြောတာ ဖြစ်တယ်။ Fiber (ဖိုင်ဘာ)၊ Folate (ဖေလိတ်) နဲ့ Carotenoids (ကာရိုတီနွိုက်) ဓါတ်တွေက ကောင်းစေတာဖြစ်တယ်။ Mouth ပါးစပ်၊ Larynx လည်ချောင်း၊ Pancreas သရက်ရွက်၊ Lung အဆုပ်၊ Skin အရေပြား နဲ့ Stomach အစာအိမ် ကင်ဆာတွေအတွက် ကောင်းစေတယ်။

14. Exotic Spice ဝါဝင်းနေတဲ့ နနွင်း
Turmeric နနွင်းထဲမှာပါတဲ့ Curcumin ဓါတ်က ကင်ဆာအတွက် ကောင်းတယ်။

15. Cooking Methods Matter ချက်ပြုတ်နည်းတွေလဲ လိုသေးတယ်။
အသားတွေကို အပူချိန်များများမှာ Frying ကျော်တာ၊ Grilling အပူကင်တာ နဲ့ Broiling ပြုတ်တာ မကောင်းပါ။ Stewing ပြုတ်ချက်တာ နဲ့ Steaming ပေါင်းတာတွေက သက်သာတယ်။ အသားတွေနဲ့အတူ အသီးအရွက်တွေပါ ရောစားဘို့ မမေ့ပါနဲ့။

16. A Berry Medley With a Punch (ဘယ်ရီ) သီးလေးတွေချိုပါတယ်။
Strawberries (စထောဘယ်ရီ)၊ Raspberries (ရက်စ်ဘယ်ရီ) တွေထဲမှာ Phytochemical (Ellagic acid) ဓါတ်ပါတယ်။ Antioxidant (အင်တီအောက်ဆီဒင့်) သတ္တိရှိတယ်။

17. Blueberries for Health (ဘယ်ရီ) သီးပြာပြာ ကောင်းပါတယ်။
(ဘလူးဘယ်ရီ) သီးတွေမှာလဲ Antioxidants (အင်တီအောက်ဆီဒင့်) သတ္တိရှိတယ်။ Oatmeal အုတ်စပါး၊ Yogurt ရောဂတ်၊ Salad ဆလဒ်တွေထဲမှာ ထည့်စားပါ။

18. Pass on the Sugar သကြားပုလင်းလေး လှမ်းလိုက်စမ်းပါ။
သကြားဓါတ်ကနေ ကင်ဆာတော့မဖြစ်စေပါ။ ဒါပေမဲ့ ကင်ဆာတိုက်ဖျက်ရာမှာ ကောင်းတဲ့ အစားအစာတွေကို သူ့ကြောင့် အားနည်းစေတယ်။ (ကလိုရီ) များစေလို့ ကိုယ်အလေးချိန်တက်စေမယ်။

19. Don't Rely on Supplements ဗီတာမင်တွေက ကောင်းပါတယ်။
ဒါပေမဲ့ Vitamins ဆေးပြားတွေ၊ ဆေးတောင့်တွေ၊ ထိုးဆေးတွေကို သိပ်အားမကိုးပါနဲ့။ သဘာဝအတိုင်းကနေရမဲ့ အစားအစာတွေ ရွေးစားသင့်တယ်။ Nuts အစေ့အဆံတွေ၊ Fruits အသီးတွေ နဲ့ Green leafy vegetables စိမ်းစိုနေတဲ့ အရွက်တွေကို စားပေးဘို့ ပြောတာပါ။

Dr. တင့်ဆွေ
၆-၆-၂၀၁၂
၁၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး