Saturday symbols စနေနံများ

နတ်မောက်နဲ့ နံပြား၊
တေဇနဲ့ တပ်မတော်၊

ထမနဲနဲ့ တိုက်ပွဲ၊
တိုင်းသူပြည်သားနဲ့ ဓါး၊

ထ ထမနဲ တပို့တွဲ

ထမနဲကို တချို့ဒေသတွေမှာ နှမ်းမနဲလို့လည်း ခေါ်ကြတယ်။ အဲတာလည်း စနေနံ။

ကနေ့ စားတော်ပဲပြုတ် အိမ်မှာစားဖြစ်တယ်။ နံပြား မပါ။ ကျောင်းမှာ အသားညှပ်ပေါင်မုံ့ တဝက်တိတိကုန်ခဲ့တယ်။

ခွဲစိတ်ဒါးကို မမေ့ပါ။ စနေနံ။ 

တရုပ်တော့ ခဏခဏဖြေရတယ်။ မုံ့ရေးတာ မေးကြဦးမယ်။ ဒါးလို့ရေးတာလည်း မေးကြဦးမယ်။ ဖြေပြီးသား ကူးချဖြေရမှာပဲ။ တချို့က အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့ မလဲချင်ကြပါ။

ဒေါက်တာတင့်ဆွေ
၁၃-၂-ဝ၁၅
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး