Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ

မင်္ဂလာပါဆရာ ကျွန်တော့်ဇနီးသည်အသက် ၂၂ နှစ်ပါ။ ပထမကလေးက အသက် ၉ လကျော်ပါပြီ။ ပြီးခဲ့တဲ့လမှာ ဓမ္မတာမဆင်းလို့ ဆီးစစ်ကြည့်တာ positive ပြပါတယ။ သူများတွေက ကလေးကိုနို့ဖြတ်ရမယ်ပြောကြပါတယ်။ အဲ့ဒါတကယ်ဖြတ်သင့်မဖြတ်သင့်လေးသိချင်လို့ပါ။ နို့ဆက်တိုက်ရင် ကလေးမှာအန္တရာယ်ရှိနိုင်ပါသလားခင်ဗျ။

နောက်ကိုယ်ဝန်ရှိလည်း နို့ဆက်တိုက်လိုက တိုက်နိုင်။

ဟုတ်ကဲ့ဆရာ။ အရပ်ပြောတွေကို ဆရာပြောသလို မယုံကြည်လို့ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

• ကျနော့ကလေးကို ၃ နှစ်ခွဲအထိတိုက်တယ်ဆရာ။

• ကျွန်မလည်း မီးဖွားခွင့် ၃ လ ပြည့်လို့ ရုံးပြန်တက်ရပေမယ့် နို့ဘူးစို့ပြီး အစာမကြေ အထက်လန်အောက်လျော ဖြစ်လို့ မိခင်နို့တိုက်ရန် လစာမဲ့ ခွင့် ၁ လ ထပ်ယူလိုက်ပါတယ်ရှင့်။

• ကျွန်မကလေး ၁ နှစ် ၃ လရှိပါပြီ နို့တိုက်တုန်းပါပဲ။

• ကျမ သမီးလေးတွေကို ၃ နှစ်ကျော်ထိ နို့တိုက်ခဲ့ပါတယ်။ ၂ ယောက်စလုံး ဥာဏ်ကောင်းကြတယ်။

• မိခင်နို့ကို ကလေးဘယ်အရွယ်မှာဖြတ်ရင် အကောင်းဆုံးပါလဲဆရာ။

နယူးဒေလီမှာနေစဉ်က ယမုန်နာဆေးခန်းလေးဖွင့်ပြီး မြန်မာနိုင်ငံကနေလာကြတဲ့ ဒုက္ခသည်တွေကို အခမဲ့ ၂ဝဝ၂ ကနေ ၂ဝ၁၄ အထိ၊ ၁၂ နှစ်တိတိ ဆေးကုပေးခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဆေးကျောင်းသားနဲ့ သူနာပြုတွေလာပြီး လေ့လာသင်ယူ ကူညီခဲ့ကြတယ်။ သူတို့ထဲက သူနာပြုသင်တန်းသူတွေလည်းပါတယ်။ တယောက်က ကလေးအမေ။ သူ့သားလေးကိုပါ ခေါ်လာတယ်။ သူကနေ ဆေးခန်းအကူဆရာမတွေကို ကလေးနို့တိုက်တဲ့သင်ခန်းစာ သင်ပေးသွားတယ်။

နို့ဘယ်တောဖြတ်မလဲကို တကြောင်းတည်းပြောရရင် သဘောပါပဲ။ ၆ လတော့အနည်းဆုံးနို့တိုက်ပါလို့ ထပ်ဖြည့်ပါရစေ။ နို့ဖြတ်ရတာ အချိန်ကြာလည်း သည်းခံလိုက်ပါ။ ၂ နှစ်အထိကြာသွားလည်း ကျန်းမာရေးအရတော့ စိုးရိမ်စရာမရှိပါ။ အများစု လိုက်နာနေကြတာကတော့ ၆ လမှာနို့ဖြတ်ဖို့စလုပ်တယ်။ ဖြည့်စွက်စာကြွေးတယ်။ တနှစ်ဆို နို့ဖြတ်ပြီးသား ဖြစ်မယ်။ Infant formulas နို့မှုန့်တိုက်တာဆိုရင်တော့ တနှစ်ထက်ပိုမလိုပါ။

ကလေးမွေးလာတာနဲ့ နို့ထွက်ဖိုရာ မိခင်ကိုယ်ခန္ဓာထဲမှာ ဟော်မုန်းတွေထွက်ဖို့ ချက်ချင်းလက်ငင်းဖြစ်လာပါတော့တယ်။ ဘယ်တော့နို့စတိုက်မလည်း၊ ချက်ချင်းတိုက်နိုင်ပါတယ်။ Colostrums ခေါ်တဲ့နို့ဦးရည်ကြည်ဟာ ကလေးအတွက် အကောင်းဆုံးကာကွယ်ဆေးဖြစ်တယ်။ ကလေးရဲ့ခုခံအားစနစ်မှာလိုအပ်တဲ့ (အင်မြူနိုဂလိုဘင်) တွေပါနေတယ်။ အဲတာကြောင့် ကလေးဟာ မွေးပြီး ၆ လအတွင်းမှာ ကူးစက်ရောဂါရယ်လိုမရသလောက်ဖြစ်တယ်။ တကယ်လို့ အရင်ကလေးကိုနို့တိုက်နေတုံးမှာ နောက်ကိုယ်ဝန်ရတယ်ဆိုရင်လည်း နို့ဆက်တိုက်လို့ရပါတယ်။

ဖတ်စရာလေးတွေ -
1. Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
2. Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
3. Breastfeeding linked to higher IQ မိခင်နို့တိုက်လျှင် ကလေးဥာဏ်ရည်မြင့် http://doctortintswe.blogspot.com/2015/03/breastfeeding-linked-to-higher-iq.html
4. Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html
5. Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
6. Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂)http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
7. Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
8. Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html
9. Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
10. Newborn baby ကလေးမွေးတော့မယ်ဆိုရင် http://doctortintswe.blogspot.com/2014/10/newborn-baby.html
11. Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
12. Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၅
၉-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး