Myanmar farmers dream of making Asia's rice bowl

မြန်မာလယ်သမားတွေက အာရှစပါးကျီအိပ်မက်မက်နေကြတယ်လို့ (ချိုင်းနား ပို့စ်) မှာရေးသားလိုက်ပါတယ်။

(ကို) သန်းထွန်းဟာ ချယ်လ်ဆီးဂျာစီဝတ်ပြီး ရန်ကုန်မြို့အပြင်မှာရှိတဲ့ သူ့စပါးခင်းထဲမှာ ချွေးပေါက်ပေါက်ကျအောင် ထယ်ထိုးနေတယ်။ အဲလိုပင်ပင်ပန်းပန်းနဲ့လုပ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာဆန်စပါးတင်ပို့မှုမှာ ထိပ်ဆုံးနိုင်ငံဖြစ်ခဲ့ဘူးပါတယ်။ ကနေ့မှာတော့ ဆင်းရဲလှတဲ့အခြေအနေကနေ တချိန်ကလိုပေါကြွယ်တဲ့အဆင့်ရဘို့ ဟာကျူလီလို လုပ်နေရပြီး၊ တခါတလေမှ တယောက်တည်း ရုန်းကန်နေရတဲ့ လယ်သမားဘဝရောက်နေကြရတယ်။

ဘယ်သူမှလည်း ဘာအခက်အခဲတွေရှိလည်း မေးဘို့ရာ ဒီကိုမလာကြဘူးဗျလို့ အသက် ၄ဝ အရွယ်က သူအလုပ် နားနေချိန်မှာ (အေအက်ဖ်ပီ) ကို ပြောပါတယ်။ သီးနှံဖျက်ပိုးတွေ၊ မကောင်းတော့တဲ့ ရေသွင်းမြောင်းတွေ၊ လောဘကြီးလွန်းတဲ့ ပွဲစားတွေကနေ သူ့အတွက်ရနိုင်တဲ့အကျိုးအမြတ်တွေကို တားဆီးနေကြတယ်။

၂ဝ ရာစုအစောပိုင်းတဝက်ကာလမှာ မြန်မာနိုင်ငံစာ အာရှတိုက်ရဲ့ စပါးကျီဖြစ်ခဲ့တယ်။ ဒါပေမယ့် ဆိုရှယ်လစ်အမည်ခံ အစိုးရကနေ ၁၉၆၂ မှာ အာဏာသိမ်းခဲ့တဲ့နောက်မှာ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တိုင်းပြည်ရဲ့ လူဦးရေ ၇ဝ% မှီခိုရတဲ့ စိုက်ပျိုးရေးလုပ်ငန်းကြီးဟာ တပြည်လုံးမှာ ယိုယွင်းပျက်စီးသွားပါတော့တယ်။

အရပ်သားတပိုင်းအစိုးရကနေ ၂ဝ၁၁ မှာ အာဏာရယူလိုက်ပြီး၊ တိုင်းပြည်ရဲ့ ဆန်စပါးထုတ်လုပ်သူဂုဏ်ပြန်ရဘို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ပုတ်သိုးနေတဲ့အရာတွေ၊ ကွဲအက်နေတဲ့ အခြေခံအဆောက်အအုံတွေ၊ ထူပြောလှတဲ့ ကြွေးမည်တွေ၊ မည်ကာမတ္တ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ရင်ဆိုင်နေရတာတွေထဲက တချို့သာဖြစ်ပါတယ်။

ဒီထဲမှာ စီးပွါးရေးပညာရှင်တွေက သန်းထွန်းတို့လိုလယ်သမားတွေကို မြန်မာနိုင်ငံကို ဆင်းရဲမွဲတေမှုကနေ အမြန်ဆုံးနှုန်းနဲ့ လွတ်မြောက်အောင် ကူညီနိုင်လိမ့်မယ်လို့ ထင်မှတ်နေကြပါတယ်။ သြစတေးလျ မကွဲယားတက္ကသိုလ်က စီးပွါးရေးပညာရှင် (ရှောင်တားနား) က စိုက်ပျိုးရေးမှာ အင်အားစိုက်သုံးဘို့ သိပ်မလိုတဲ့သီးနှံမျိုးမှာ တိုးတက်လာစေရေးကတော့ သိသာမြန်ဆန်ပြီး၊ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်မယ်လို့ ဆိုပါတယ်။ ဒါက သီအိုအရသာ မဟုတ်ဘူး။ ဗီယက်နမ်ကြည့်ပါ။ ဖြစ်နိုင်ခြေရှိတဲ့ အံ့စရာလည်းကောင်းတဲ့ နမူနာဖြစ်တယ်။ ၁၉၈ဝ ကျော်ကာလမှာ ကိုယ့်နိုင်ငံသားတွေကို အနိုင်နိုင်ကျွေးနိုင်တဲ့နိုင်ငံတခုကနေ အခုဆိုရင် အစားအသောက်အမျိုးမျိုးနဲ့ လူသုံးကုန်အမျိုးမျိုး ရနိုင်နေပါပြီ။ 

ကမ္ဘာ့ဘဏ် ဆန်စပါးကျွမ်းကျင်သူ ဘန်ကောက်အခြေစိုက် (ဆာဂျီ ဇော်ယာ) ကလည်း သဘောတူပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ မြန်မာနိုင်ငံမှာ ဆန်စပါးတောင်သူတွေအတွက် ရင်းနှီးမြှုပ်နှံကြဘို့ အခါကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့်ဆယ်စုနှစ်မှာ ဆန်ထုတ်လုပ်ရေးမှာ သိသိသာသာတိုးတက်လာရင် GDP တိုးတက်ဘို့ရာ အခွင့်အလမ်းကောင်းပါ။ လယ်ယာခွင်ဝင်ငွေ တိုးလာမယ်။ ပြည်ပပို့ကုန် တက်လာမယ်။ ဆင်းရဲမွဲတေမှု ကျဆင်းလာမယ်။
ဆန်စပါးဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ ကောင်းလှတဲ့ တန်းဆာပလာတခုပါ။ ဒါဟာ ကော်ပိုရိတ်ကြီးတွေနဲ့ ကြားပွဲစားတွေလက်ထဲမှာမဟုတ်ပဲ ဆင်းရဲတဲ့လယ်သမားတွေဆီ စီးဝင်မှာဖြစ်လို့ပါ။

သူကပဲ ကမ္ဘောဒီးယားကို ထောက်ပြပါတယ်။ အဲဒီမှာ ဆန်စပါးထုတ်လုပ်ရေးနဲ့ တင်ပို့ရေးများ ကောင်းကောင်း ရင်းနှီးမြှုပ်နှံလိုက်လို့ ဆယ်နှစ်ကျော်အတွင်းမှာ GDP ၁ % အထိတိုးလာစေခဲ့တယ်။ တိုင်းပြည်ရဲ့ဆင်းရဲမှုကိုလည်း ၆့၂% အထိလျှော့ချနိုင်ခဲ့တယ်။ ဒါပေမယ့် (လာအိုးစ်) မှာတော့ ရေအားလျှပ်စစ်နဲ့ မိုင်းလုပ်ငန်းက လွှမ်းမိုးနေလို့ GDP ၁% တိုးတာမှာ ဆင်းရဲမှုကို ဝ့၅% သာကျဆင်းနိုင်ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၁၂-၄-၂ဝ၁၅
http://www.chinapost.com.tw/business/asia/other/2015/04/13/433498/Myanmar-farmers.htm

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး