Choosing Wisely Campaign ဆေးကုတာမှာ လိုတာထက်မပိုစေပါနဲ့

၁၃-၅-၂ဝ၁၅ နေ့ဗြိတိသျှဆေးပညာဂျာနယ်မှာရေးလိုက်တဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။ ဆေးကုရာမှာ လိုတာထက် ပိုလုပ်ရင် အကျိုးမထူးတာရော ဆိုးတာပါဖြစ်စေနိုင်တယ်။ တချို့ဆရာဝန်တွေက မလိုအပ်တဲ့ဆေးစစ်မှုတွေ လုပ်နေကြတယ်။ ဆေးတွေလည်း လိုတာထက်ပိုပေးနေကြတယ်။

လူနာတွေအနေနဲ့ သူတို့ကိုပေးမဲ့ စစ်ဆေးမှုနဲ့ ကုသမှုတွေကို ဘယ်ကြောင့်လိုအပ်သလဲဆိုတာ မေးသင့်ကြတယ်။ ဒီစမ်းသပ်နည်းက တကယ်လိုပါသလား။ ဒိထက် ရှင်လင်းလွယ်ကူတာရှိပါသလား။ ဒါမလုပ်ရင်ဘာဖြစ်နိုင်ပါသလဲ။

(၁) သာမန်စိတ်ကျရောဂါမျိုးကို ဆေးပေးစရာမလိုပဲ အုပ်စုလိုက်စိတ်ကုသပေးမှုနဲ့ရတယ်။

(၂) သမားရိုးကျသွေးစစ်ဆေးမှုတွေ များပြားလွန်းရင် အသက်ကြီးသူတွေမှာ အရေပြားအားနည်းနေလို့ခက်တယ်။

(၃) သွေးတိုးဖြစ်ကာစလူနာကို လူနေမှုပုံစံပြောင်းစေတာနဲ့ လုံလောက်တယ်။

များလေကောင်းလေဆိုတဲ့အယူအဆက မှားတယ်။ အဲလိုအသိရှိလာ လိုက်နာလာအောင်လုပ်တာကို Choosing Wisely Campaign အသိဥာဏ်နဲ့သာဆေးကုပါ ကင့်ပိန်းလို့ ခေါ်တယ်။ ကနေဒါနဲ့ ယူအက်စ်မှာစလုပ်နေပါတယ်။ တချို့အထူးကု ဆရာဝန်တွေက ပြန်ငြင်းဆိုတာလည်းရှိပါတယ်။ ကင်ဆာလိုရောဂါဆိုရင် စစ်ဆေးမှုမစုံရင် လွတ်သွားနိုင်တယ်။

မေးခွန်းတွေထဲမှာ ဘန်ကောက်သွားစစ်တယ် စသဖြင့်ရေးကြတယ်။ စစ်ဆေးတာနဲ့ ကုသတာ မတူပါ။ ကုသမှုမှာမှာ ပိုပြီး အချိန်နဲ့ ငွေကုန်စေတာက ပိုသင့်မြတ်ပါတယ်။ တချို့ကတော့ သားအိမ်မှာအလုံးသေးသေးလေးသာရှိတယ် အကုန် ကောင်းတယ်တဲ့။ အလုံးသေးသေးကြီးကြီး ပုံမှန် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၃-၅-၂၀၁၅
၁၃-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး