Black List အဖြူစာရင်းမှာ အမည်သွင်းခံရပြီး

၂ဝ၁၂ သြဂုတ်လထဲမှာ အရင်အစိုးရကနေ အမည်မည်းစာရင်းထဲက နှစ်ထောင်ကျာ်ကို ပယ်ဖျက်ခဲ့ပါတယ်။ ၁၉၉ဝ က အရွေးခံရပြီး အပြင်ထွက်လာကြတဲ့ လွှတ်တော်အမတ်ကို စာရင်းထိပ်မှာတွေ့ရတယ်။ ကိုယ့်နာမည် ပါမယ် ထင်မထားပေမဲ့ နံပါတ် (၇) မှာတွေ့ပါတယ်။

နံပါတ် (၈) အမည်နဲ့ လူမရှိပါ။ တာဝန်တခုမကရှိတဲ့သူ နှစ်ခါထပ် ပါနေတယ်။ နာမည်ဖြူ လူတူမရှားဖြစ်သွားတယ်။ တိုင်းပြည်ထဲမှာ အပ်ကျတာကအစသိတယ်လို့ ကြွားဝါခဲ့တဲ့ စစ်ထောက်လှမ်းရေးကနေ အမည်းစားရင်းကို ပြုစုခဲ့တာပါ။

ဒီသတင်းကို ရေဒီယိုတခုကတော့ နာမည်ပျက်စာရင်းလို့ ခပ်လွယ်လွယ် သုံးသွားတယ်။ Black list ဆိုတာ နာမည်ပျက် မဟုတ်ပါ။ Disgraced, Dishonored တို့ကိုသာ နာမည်ပျက်လို့ပြန်သင့်ပါတယ်။ သမတရုံးဝဘ်ဆိုင်မှာ Black List လို့သာ ပါတယ်။ မြန်မာလို မပါ။

အချင်းချင်းတော့ အောင်စာရင်းခေါ်ကြတယ်။ မဖြေတဲ့စာမေးပွဲ အောင်ကြတာပါ။ ရင်းနှီးတဲ့တယောက်က ဆရာရော ဖြူသွားတယ်ဆိုတော့ ဝမ်းသာရပြီပေါ့။ ဒါပေမဲ့ ကိုယ့်ဖာသာ ဘယ်တုန်းကမှ မမည်းခဲ့ဘူးမို့လားဆရာတဲ့။ ဟုတ်ပါတယ်။ ကျွန်တော့်အဖို့တော့ အနှစ်နှစ်ဆယ်အတွင်းမှာ မတူတော့တာကဆံပင်။

ကျွန်တော်က ၂၀၁၈ နွေရာသီမှာ ပဌမဆုံးပြန်တယ်။ စာရင်းထွက်ပြီး ၆ နှစ်ကြာစောင့်ခဲ့တာ ပြည်ခိုင်ဖြိုးအစိုးရကို မယုံလို့။ နံပါတ် (၁) ဒေါက်တာစိန်ဝင်းကတော့ မကြာခင် ဒုတိယအကြိမ်သွားမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆
၁၃-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး