Mandalay မန်းသံသရာ တခေါက်မကလာချင်ပါ

KhinPone Nyar နန်းမူ နန်းငွေ့ နန်းဓလေ့တွေ ဝေစည်ခဲ့ဘူးတယ်။ အညာငွေ့ အညာဓလေ့နဲ့ အရာရာ လေးလေးနက်နက် ရှိလှတယ်၊ ခုတော့လည်း မန်းရယ် မြင်လေရာ ဖြူဖြူသွေး စည်းစိမ်ပုံ အပြည့်နဲ့ နန်းမူလည်းပျောက် အညာရေကြည်အိုင်လေး နောက် နောက် နှောက်ခဲ့ကြပြီလော။

• ဆရာ (၇) တန်းကျောင်းသားဘဝမှာ မန္တလေးကို စရောက်ဖူးတယ်။ ဒိနောက် တနှစ်တခေါက် မရောက်တဲ့နှစ်မရှိ။
• မန္တလေးနှစ် (၁ဝဝ) ပြည့်ကို ငယ်ငယ်လေးကတည်းက သီချင်းတွေကအစ ကြားသိနေခဲ့တယ်။
• ဆေးကျောင်းမှာ (၇) နှစ်ကြာ၊ အလုပ်သင်ဆရာဝန်လည်း အဲဒီမှာပဲ။
• သားအကြီးဆုံး နှစ်ယောက်ကို အဲဒီမှာ ဆယ်တန်းတက်စေခဲ့တယ်။
• မုံရွာ၊ ပုလဲ၊ စစ်ကိုင်း၊ မြို့သာ၊ ဘယ်မှာရောက်နေနေ ဆေးဝယ်ဘို့ဆိုရင် မန္တလေးကိုသာလာရတယ်။
• နိုင်ငံရေးလုပ်တော့လည်း မန္တလေးအစည်းအဝေးတွေကနေ ပြည်ပြေးဘဝရောက်စေခဲ့တယ်။
• မုံရွာ ငယ်ဘဝ၊ မန္တလေး လူလားမြောက်တဲ့ဘဝ၊ ကြီးလာမှသာ မန္တလေးနဲ့ဝေးတော့တယ်။ မန္တလေးကတော့ ထွက်မပြေးပါ။
• ဘုရားကြီးနဲ့ မန္တလေးတောင်၊ ဆေးရုံကြီးနဲ့ ဈေးချို၊ တောင်ပြင်၊ မြောက်ပြင်နဲ့ နန်းရှေ့ ရွေ့မသွားကြပါ။ ဆရာကသာ ရွေ့သွားနေရတာ။ သံသရာ။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး