Orchestra အော်ခက်စထွာ အသံသာပါစေ

စာရင်းတွေထွက်ပြီ။ တပြည်လုံးကစာရင်းအစုံကို ဒေါင်းလုတ်လုပ်ရင်း အပြေးအလွှားဖတ်တယ်။ စာရင်းမစုံခင်မှာ ဆက်သွယ်ကြတယ်။ အဆင်မပြေတဲ့ဆီက၊ စိုးရိမ်ကြတဲ့ဆီကပဲပေါ့။ အံ့သြစရာ စိတ်ပျက်စရာမဟုတ်ပါ။

ဆယ်တန်းအောင်စာရင်းထွက်တာနဲ့မတူပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တခြားစီပါ။ လူရည်ခွန်ရွေးတာနဲ့လည်း ခြားနားပါတယ်။

စာရင်းမပါလို့ ညံ့လို့လိုမထင်စေချင်ပါ။ စာရင်းထဲပါတာ ထီပေါက်တယ်လို့မအောက်မေ့စေချင်ပါ။

အဲလိုပေါက်ကောင်ဖွင့်တာတွေက နေ့စဉ်တဓူဝဆိုသလို လာနေတဲ့ ဖြစ်နေကြအရာပါ။ ဒီဟာမျိုးကတော့ အလွန်ဆုံးကြာလှ ၅ နှစ်ပေါ့။

ကျွန်တော်ကတော့ အားပေးတဲ့သူပါ။ ဆုံးဖြတ်ချက်တခုလုပ်မယ်လို့ တိုင်ပင်သူကို နှစ်ခါပြန်စဉ်းစားပါလို့ ပြောလိုက်တယ်။ သိချင်လို့ လူနာမည်တွေကို သေချာအောင်မေးတယ်။ တချို့ကို မြို့နယ်ကတောင် အားမရဖူးတဲ့။ နာမည်ဆင်လို့ မေးကြည့်တော့ ကိုယ်သိတဲ့သူမဟုတ်ဖူးတဲ့။ သူသာဆို ပိုကောင်းမယ်လို့ ထောက်ပြတာလည်းရှိတယ်။ တပြိုင်တည်းမှာ ရေဒီယိုကနေ ဒေါ်စုနဲ့ အမေး-အဖြေကိုပါ နားထောင်နေတယ်။ အားလုံးအကြိုက်တော့ ဘယ်သူကမှ လိုက်မလုပ်နိုင်တဲ့ သဘောပြောတယ်။

ရွေးချယ်ရသူတွေမှာ အခက်အခဲတွေရှိတယ်။ စာရင်းမှာမပါလို့ လက်ခံဖို့ခက်ခဲတာလည်းအမှန်ရှိတယ်။ ဘေးကနေလည်း နားလည်ရခက်ကြတယ်။ ဒေါင့်အစုံက အသံစုံထွက်တော့မယ့်။ သံစုံတီးဝိုင်းကသာ သာယာနာပျော်ဖွယ်ရှိပါတယ်။ တေးဂီတအော်ခက်စထွာ ၁၁ ရာစုမှာပေါ်ပါသတဲ့။ ၂၁ ရာစု နိုင်ငံရေးသံစုံတီးဝိုင်းကို မြန်မာတူရိယာတွေတွေနဲ့ တီးခတ်ကြစေချင်တယ်။ ဒါမှသာ အောင်စည်ဟိန်းနိုင်မှာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး