Sticker illness စတစ်ကာ ရောဂါ

မက်ဆင်ဂျာကနေ မေးခွန်းတွေကိုဖြေနေပါတယ်။ အဆင်ချေတာတွေများလို့ အချိန်ကုန်သက်သာတယ်။ ပြောရင်းဆိုရင်း ဒီမေးခွန်းလာပါတယ်။ စတစ်ကာ ၂ ခုလည်းပါသေးတယ်။

Zin Oo ဆရာ သမီးအသက်၂၉ နှစ် ကလေးက နှစ်နှစ်ခွဲ တစ်ယောက်ရှိပါတယ် ခုအော့ အန်ပြီး ခြေဆစ်လက်ဆစ်တွေ ယောင်ပါတယ် ဘယ်ရောညာရော နှစ်ဘက်လုံးပါဆရာ သွေးလေးဘက်နာလို့ပြောကြပါတယ် ရှင့် သမီးဘာဆက်လုပ်ရပြီး ဘာဆေးသောက်ရမလဲ ဆိုတာ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဆရာ သမီးတို့က ငွေကြေးအများကြီးမတတ်နိုင်လို့ပါရှင့် ကျေးဇူးတင်ပါတယ်ဆရာရှင့်
အေးအေးအဆင်ပြေအောင်လုပ်ပေးမယ်သမီး လာသာလာခဲ့လိုက်ပါ အဲတာ ကျွန်တော်ကရေးတာမဟုတ်ပါ။ ပို့တဲ့ စတစ်ကာ ၁ ဖြစ်ပါတယ်။ စတစ်ကာ ၂ ကိုတင်ပေးထားပါတယ်။

မေးခွန်းမေးတာလား။ အသက်ကြီးတဲ့ဆရာဝန်တယောက်ကို (မင်း) လို့ပြောချင်တာပါလားလို့ ပြန်မေးထားပါတယ်။ ပို့တဲ့ပုံကို ကျွန်တော်ကနေ အတော်သေးအောင်လုပ်ထားပါတယ်။ ပို့စ်ဖတ်သူတွေ ကျွန်တော့်ထက်ကြီးသူက အတော်ရှားမှာလည်း သိပါတယ်။ ဒါပေမယ့် ဘယ်သောအခါမှ (မင်း) လို့ မရေးဖူးပါ။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး