Neem leaves 2 သဒ္ဓါရွက်

ကျွန်တော့်ပို့စ်တခု = Neem Leaves တမာရွက်

ကွန်မင့်တခု = Psy Cho မန့်တွေအရ ကောင်းလွန်းလို့ share သွားပါပြီဆရာ။ smile

Tint Swe ဟုတ်ပ။ ပို့စ်ရေးတဲ့သူထက် ကွန်မင့်တွေက ပိုကောင်းတယ်။ သူတို့ပြောတာတွေကို စားရရင်တော့ အကောင်းဆုံး ဖြစ်မယ်။ Smile

အတို့စားနည်းဆိုပြီး မနှစ်က တမာရွက်လက်ဆောင်ရစဉ်ကရေးခဲ့တယ်။ မြန်မာ့အစားအစာတွေထဲမှာ တို့စရာပါရင် ထမင်းမြိန်တယ်။ တနှစ်ပတ်လုံးရနေတဲ့ တို့မြှုပ်စရာတွေအပြင် ရာသီအလိုက်ရတာမျိုးက ပိုပြီးခံတွင်းတွေ့တယ်။ (မေရီလင်း) ကအပြန် တည်းတဲ့အိမ်က တမာရွက်လက်ဆောင်ထည့်ပေးလိုက်လို့ ကနေ့ နေ့လည်စာမှာ တမာရွက်ပြုပ်နဲ့ ထမင်းစားတယ်။ ငါးပိချက် ချက်တယ်။ (ကျွန်တော်ချက်တာ မဟုတ်ပါ။)

ဘယ်တို့စရာကို ဘာနဲ့တို့မလည်းက ရွေးရသေးတာ။ ငါးပိရည်ချိုနဲ့ လိုက်ဖက်တာ၊ ငံပြာရည်နဲ့လိုက်ဖက်တာ၊ ငါးပိချက်နဲ့ လိုက်ဖက်တာ။ တမာရွက်ကို ငါးပိချက်နဲ့ ပိုလိုက်တယ်ထင်ပါတယ်။ ငယ်ငယ်တုံးကနေခဲ့ရတဲ့ အညာဒေသက တောရွာမှာ အောက်အရပ်က အစားအစာဆိုတာ ရခဲပါတယ်။ ဒါကြောင့် ရိုးရိုးငါးပိကိုပဲ မြေအိုး၊ ဒယ်အိုးနဲ့ချက်တာသာ စားခဲ့ရတယ်။
အဲတာကြောင့်နေမှာ ကျွန်တော်က အောက်အရပ်ကလာတဲ့ ငါးပိရည်ထက် ငါးပိချက်ကိုပိုကြိုက်တယ်။ ခရမ်းချဉ်သီးနဲ့၊ ငရုပ်သီးစိမ်းလေး ခပ်ထားပြီး ဆီလေးပါစိုနေမှ။ တချို့က ငါးပိချက်ထဲမှာ ငါးပိတုံးလေး ပါလရာထည့်ချက်တယ်။ နံနံပင်ခပ်လိုက်တော့ ပြည့်စုံသွားရော။

အောက်အရပ်ကလာတဲ့ ငပိရည်ကျိုရင်လည်း ကျွန်တော်က ငရုတ်သီးစိမ်း၊ ငရုပ်သီးခြောက်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ စတာလေးတွေ ဘိုးသိုဖတ်သတ်ပါနေမှ။ ပြီးရင် ဆီလေးနည်းနည်းပါဝင်းနေမှ။ ဟင်းချက်နည်းရေးတာ မဟုတ်ပါ။ ကိုယ်ကြိုက်တာလေး ရေးတာ။

ဒီအရပ်မှာတော့ တမာရွက်ကို အပင်ကခူးရောင်းတာ မရနိုင်ပါ။ ရိုးတံညှာလေးမှာ ဖူးနေတဲ့တမာရွက်ကို ပလပ်စတစ် အိတ်ထဲထည့်၊ လေထုတ်ပြီး အေးခဲထားတယ်။ အရသာကောင်းပါတယ်။ ဒိထက်ကောင်းတာလည်း မရှိပဲကိုး။

တမာရွက်လည်းကောင်း၏။ သဒ္ဓါရွက်လည်းကောင်း၏။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး