Morning Coffee မောနင်း ကော်ဖီ

အမျိုးသားတဦးကမေးတာကို ဖြေလိုက်တယ်။ အများမြင်သာရာမှာ တင်ဘို့မသင့်တဲ့ရောဂါ။

ကျေးဇူးပါဆရာ။ ဦးတင်ပါတယ်ခင်ဗျာ။ ဆရာရဲ့ သီလသမာဓိပညာနဲ့ နိုင်ငံရေးသီလကိုရောပါခင်ဗျာ။

ညတုန်းကတော့ မေးနည်းစည်းကမ်းပို့ပေးတာနဲ့ အဆဲခံရတယ်။ အဲလိုပဲ့

ကိုယ့်ဝန်းကျင်မှာ မတူတာတွေ အမျိုးမျိုးတွေရောနေကြတယ်။ အစွန်းတပါးပါးကလူတွေလည်း ပါတယ်။ ဒါကြောင့်ပဲ မြတ်စွာဘုရားက တရားဦးမှာ အစွန်းလွတ်ရေးဟောခဲ့တာ။ ဘုရားဟောတာကတော့ ကျင့်စဉ်အစွန်းပါ။ နေရာတိုင်းမှာ (အပလိုင်း) လုပ်လို့ရတယ်။

အစွန်းလွတ်ကင်းတာနဲ့ ကြားနေတာ မတူပါ။ ခြံစည်းရိုးခွထိုင်တာနဲ့လည်း မတူပါ။ အစွန်းလွတ်တဲ့အပြင် အစွန်းအထင်းပါ ကင်းအောင် ကြိုးစားရတယ်။ အစွဲလွတ်အောင်အထိလို့ ဆုံးမတယ်။ ဘာကိုမှ မယုံတာကတော့ အစွဲကင်းတာ မဟုတ်ပါ။

တွယ်ကပ်မှု စတာတွေကနေ လွတ်မြောက်မှုဆိုတာ အေးချမ်းပြည့်စုံတယ်။ တဒင်္ဂလွတ်လွတ် ချမ်းသာရာရမယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၆

Coffee shop talks ကော်ဖီဆိုင်

ကျွန်တော့်ပို့စ်တခု = Morning Coffee မောနင်း ကော်ဖီ

ကွန်မင့်တခု = Coffee ကို ဘယ်လိုဖျော်ပြီးသောက်ရတာ နှစ်သက်ပါသလဲ ဆရာ

ဘယ်လိုဖြေရမလဲ အတော်စဉ်းစားရတယ်။ အန်တီဖျော်ပေးတာလို့ မုသားမပါဖြေလိုက်ရင် ရီစရာလိုလိုဖြစ်မယ်။ ကိုယ်တိုင်ဖျော်တာမဟုတ်ဆိုလည်း အတူတူပဲ။ အဲ့ တခါတလေ ကိုယ်တယောက်တည်းရှိရင်တော့ ရယ်ဒီမိတ်ပဲ သောက်ရတယ်။ အခုနေရတဲ့တိုင်းပြည်မှာတော့ စက်ကနေ ခလုတ်နှိပ်ပြီး ကိုယ်လိုတာထည့်နည်းတော့ တတ်လာပြီ။ ကောင်းပါတယ်။

ကော်ဖီစာအတိုလေး ပြန်တင်ပါရစေ။

တာဝန်ရှိသူတဦးကို ရေဒီယိုတခုက အင်တာဗျူးလုပ်ပါတယ်။ အမတို့က အဲတာကို ဘယ်လိုသဘောထားပါသလည်းရှင့်။ ဖြေတဲ့ ဒုညွှန်ချုပ်ကလည်း အမတို့က ဘယ်လိုက ဘယ်လိုဖြေပါတယ်။ ပြောကြတာက ဌာနဆိုင်ရာအကြောင်း။ နားထောင်ရတာ တမျိုးလို့ထင်တယ်။ မီဒီယာဆိုတော့ မပြောရဲဘူး။

အဲလိုအပြောအဆိုတွေ ခဏခဏ (နေ့တိုင်းလိုလို) ကြားနေရတယ်။ အမျိုးစပ်ပြီး ခေါ်ကြပြောကြတယ်။ တမျိုးပဲလို့ ထင်နေတယ်။ မီဒီယာဆိုတော့လည်း မပြောရဲဘူး။

ကော်ဖီဆိုတာ အစပ်အဟပ်မတည့်ရင် အတော်မကောင်းပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး