စီးကျမျက်ရည်အသွယ်သွယ်

ဆရာ တစ်ခုလောက်မေးပါရစေတွေက အတော်လာတယ်။ လူထုဦးလှက တခါက ဆွမ်မရာ နာဂရွာတရွာတွင် လော်ရော်ပေါ့ဟုသော လူတယောက်ရှိ၏ လို့ရေးခဲ့တယ်။ ဆရာနေဝင်းမြင့်ကလည်း တခါက ရွာတရွာမှာ နေ့စေ့လစေ့ကြီးနဲ့ ကိုယ်ဝန်ဆောင် မိန်းမတယောက်လို့ ရေးပါတယ်။

သီချင်းကို မှန်အောင်ရေးပြီး ပီသအောင်ဆိုတဲ့ခေတ်ဆိုတာ ရှိခဲ့ပါတယ်။ မလိုအပ်ဘဲ တကိုတစ်မလုပ်ခဲ့ပါ။
• စစ်ကိုင်းတံတားပေါ်တခေါက်
• တထောင့်တည
• တခါက ကမ်းဇေယျာ
• တနေဝင်သော်
• ငယ်ကျွမ်းအတွက် ပန်းတခက်
• တရေးချစ်ခွင့် မြင်ရနိုး
• တလုံးနှစ်လုံး စာစီကုံး
• တသွေးထဲညီညီ
• တော်လှန်ရေးခေတ်တလျှောက်

ကျွန်တော်တို့အထက်တန်းမှာ မြန်မာစာကို ဆရာဘုတလင်ချစ်လေးကသင်ပေးပါတယ်။ ဆရာ့ရေးဖွဲ့တဲ့ ကချေသည်နှင့် အခြာကဗျာများက အမျိုးသားစာပေဆုရခဲ့ပါတယ်။ ဆရာ့ကဗျာကို စန္ဒရားအောင်ခင်ကနေ သီချင်းဖွဲ့ပြီး၊ ဒေါ်မေစီက ဆိုပါတယ်။ ကချေသည်သီချင်းစာသားထဲမှာ တခါတရံဝယ် မုန်းသူကိုလည်းချစ်ဟန်ဖွဲ့ရတယ်၊ တခါတရံဝယ် ချစ်တဲ့သူလည်း မုန်းမာန်ဖွဲ့ရတယ့့်

ဘုတလင်ချစ်လေးကဗျာကို စန္ဒရားအောင်ခင်ရေးပြီး ဒေါ်မေစီဆိုတဲ့ ကချေသည်သီချင်း https://www.youtube.com/watch?v=Fg6GHf9fK84

ကျွန်တော်သာ သီချင်းစပ်တတ်ရင် မြန်မာစာကို မုန်းမာန်ဖွဲ့ကြတယ့့် စီးကျမျက်ရည်အသွယ်သွယ့့်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး