Sunday, June 25, 2017

Great Wall ခွေးမြီးတိုခဲတံ

ဆရာဝန်သူငယ်ချင်းတို့စုံတွဲ တရုပ်ပြည်ထဲလည်ပတ်နေကြတယ်။ အခုရောက်နေကြတာ တရုပ်မဟာတံတိုင်းကြီး ပေါ်မှာတဲ့။

ကျွန်တော်တို့ငယ်ငယ်က ခဲတံကို ခွေးမြီးတိုတံဆိပ်သုံးကြတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတော့ ပြည်ပကသွင်းတာတွေကို ပိတ်လိုက်တယ်။ မကြခင်မှာ လက်ဝဲတိုင်းပြည်တွေက ကုန်ပစ္စည်းတွေ ဝင်လာတယ်။ ယူဂိုဆလပ်ကထွန်စက်နဲ့တော့ ကျွန်တော်တို့ကမဆိုင်။ ဂရိတ်ဝေါလ်ခဲတံနဲ့ဆိုင်တယ်။ တချောင်း ၁၅ ပြားပေးရတယ်။  ချွန်လိုက်တိုင်း ခဲဆံကျိုးတယ်။ အတော်ဆိုးတယ်။ အရင်က ဆယ်ပြားသာပေးရတဲ့ ဂျာမဏီလုပ် ခွေးမြီးတိုခဲတံက တမတ်ဖြစ်သွားတယ်။ ၂၅ ပြား။

ကျွန်တော်တို့ကျောင်းသားတွေ တိုင်းတာတဲ့နိုင်ငံရေးက အဲတာပဲ။ ဂရိတ်ဝေါလ် မကောင်း။ ခွေးမြီးတိုကောင်း၏။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀