Writing Vs Pronunciation ရေးတော့အလွဲ ဖတ်တော့အမှား

ရေးတော့အမှန် ဖတ်တော့အသံဆိုတဲ့ မြန်မာစာရေးထုံးနဲ့ အသံထွက်နည်းကို မြန်မာစာသင်ဖူးသူတိုင်းကသိကြတယ်။ မြန်မာစာအဖွဲ့ကလည်း တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်းမှာ အဲလိုညွှန်းဆိုထားပါတယ်။

ကျွန်တော် အတွန့်တက်ပါရစေ။ မြန်မာ့စွယ်စုံကျမ်းပါ သြကာသဘုရားရှိခိုးမှာပါခဲ့တဲ့ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် အစား တစ်ကြိမ်လို့သာ ရေးရမယ်လို့ မြန်မာစာအဖွဲ့က ပြင်လိုက်ပါတယ်။

တကြိမ်ကို ဒဂျိမ်လို့သာအသံထွက်ပါတယ်။ နှစ်ကြိမ်ကိုတော့ နှကြိမ်၊ သုံးကြိမ်ကို သုံးဂျိမ်လို့ထွက်ပါတယ်။ တစ်ကြိမ်လို့ ရေးရင်တော့ တစ်ကြိမ်သံပဲထွက်ရပါမယ်။ ဒဂျိမ်သံမထွက်ပါ။

မြန်မာစာအဖွဲ့ကနေ ပြင်ပေးလိုက်တဲ့စည်းကမ်းအရ တနေ့တလံကို တစ်နေ့တစ်လံလို့ရေးရင် တစ်နေ့တစ်လံလို့သာ တစ်တစ်ခွခွထွက်ရပါမယ်။ ရေးတော့အလွဲ ဖတ်တော့အမှား ဖြစ်သွားမလား။

လူနာက ဂေါင်းကိုက်တယ်လို့ပြောတာကို ခေါင်းကိုက်တယ်လို့သာရေးတာဟာ ရေးတော့အမှန် ဖတ်တော့အသံ နည်းစနစ်နဲ့ ကိုက်ညီတယ်ထင်ပါတယ်။

တကို တစ်လုပ်ခဲ့တာဟာ ရေးတော့အမှန် ဖတ်တော့အသံနဲ့မဆိုင်လို့ ထင်ပါတယ်။ ရေးတော့အလွဲ ဖတ်တော့အမှား။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၆
၁-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး