အသည်း နှင့် အသဲ အမွှာ နှင့် အမြွာ


ရေးကြတာ အမျိုးမျိုးဖြစ်နေတယ်။ ကျွန်တော်က အသဲလို့ရေးတာ အသည်းရောဂါများစာအုပ်ထုတ်တော့ အဲတာက ပိုဟုတ်မလားလို့ လိုက်ပြင်ရတယ်။ ငယ်ငယ်ကကြည့်ရတဲ့ ရုပ်ရှင်ကားက နှစ်မွှာအသဲတဲ့။ အသဲနဲ့ အမြွာက မှန်တယ်။

သည်း
ကသည်းလူမျိုး
စွန်မလက်သည်း
ဖိနပ်သည်းကြိုး
မိုးသည်းထန်
ရင်နှစ်သည်းချာ
လက်သည်းခြေသည်း
သည်းခံ
သည်းချာ = သည်းချား = သည်းခေါင် = သည်းညှာ = သည်းအူ = သားသမီး
သည်းညည်းခံ
သည်းညှာ
သည်းထန်စွာ
သည်းအူ (သားသမီး)
သည်းခြေရောဂါ
သည်းခြေကြိုက်
သိပ်သည်းဆ
သိပ်သိပ်သည်းသည်း
အသည်းအထန်
အသည်းအသန်
အသည်းရောင်ရောဂါ
အသည်းနှလုံး
စေ့မြေ့သိပ်သည်း ရွေ့ရွေ့ဆည်းလော့

သဲ
ကျီးသဲဆရာတော်
မသဲပါနှင့်
ခြမ့်ခြိမ့်သဲသဲ
သဲကနဲကြားသည်
သဲကုန်းမြို့
သဲခင်းသည်
သဲစုမက
သဲဆည်ရွာ
သဲပလုပ်
သဲဖြူးသည်
သဲဖြူခင်း ရာဇမှတ်ကာ
သဲလုံးအမျှ
သဲလွန်စ
သဲသာသောင်မြေ
သဲသဲကွဲကွဲ
သဲသဲကျားကျား = ဆူဆူညံညံ အုတ်အုတ်ကျက်ကျက်
သဲသဲချိမ့်ညံ
သဲသဲတုန်သည်
သဲသဲမဲမဲ
သဲသဲရုတ်ရုတ်
သဲသဲအုတ်အုတ်
သဲသောင်
ကျော်သဲ = ဇမ္မူ

သတ်ပုံစာမှာ မွှာလို့ မရှိ။ အမြွာသာပါတယ်။ အရင်ခေတ်မှာလည်း သတ်ပုံလွဲမှားတာတွေရှိပါတယ်။ ပြင်ကြရင်းတဲ့ မှန်လာတယ်။ ကနေ့ခေတ်မှာ ပြင်ခိုင်းသူတွေက မမှန်ကြတော့ အကုန်မှားကုန်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး