Portrait Pencil Painting ပုံတူခဲပန်းချီ

ကျွန်တော်ငယ်ငယ်ကဆွဲခဲ့တဲ့ ရုပ်ရှင်မင်းသမီး ဝါဝါဝင်းရွှေပုံတူ ခဲပန်းချီတကားကို ထိန်းသိမ်းတားပေးတဲ့ တူတော်မောင်က အခုဘဲလှမ်းပို့တယ်။ ကျေးဇူးပါကွာ မုံရွာက မောင်ဥဂ္ဂါ။

ဆေးကျောင်းမတက်ရခင်အထိ ပုံတူခဲပန်းချီနဲ့ ရေဆေးရှုမျှော်ခင်းတွေ ဆွဲနိုင်ခဲ့ပါတယ်။ ဆေးကျောင်းသားဖြစ်တော့ ကျဲသွားတယ်။ အလုပ်ဝင်တော့ ဝေးသွားပြီ။ နိုင်ငံရေးထဲရောက်တော့ စိတ်ကူးတောင် မပေါက်နိုင်တော့ပါ။

ကျွန်တော် စာလေးတပုဒ်မှာ ထည့်ရေးဘူးတယ်။ မန္တလေးဆေးကျောင်းမှာ သူငယ်ချင်းတွေက သူတို့ရည်းစားပုံတွေကို ပုံတူဆွဲအပ်ကြတယ်လို့။ အခုတော့ သူတို့လည်း မပျိုကြတော့ပါ။ ပန်းချီဆရာလည်း အိုစာလှပြီ။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၄
၁-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး