ယာဉ် ယျာဉ် ယဉ် ရင် ယင်

၁။ ဥယျာဉ် မဟုတ်ပဲ ဦးရင်ဆိုမှ အမှန်လို့ ဖတ်ဖူးပါတယ်။  ဗောဓိရွှေကျောင်းကဗျာရဲ့ မူရင်းအရေးအသားကိုပြောတာပါ။

ဦးရင်ဆိုတာ လူအမည်။ ဒေါ်ရင်၊ မောင်ရင်မောင် မမယ်မ။

၂။ သပိတ်ကျင်းမြို့နယ် ရင်ထိန်းတပ်ဖွဲ့ ကောင်းမှုဆိုင်းဘုတ်တွေ့တယ်။ ပြင်ပြီး မပြီး မသိပါ။ ရင်ထိန်းတပ်ဖွဲ့ မဟုတ်။ ယာဉ်ထိန်းတပ်ဖွဲ့လို့ ရေးရမယ်။

၃။ အမျက်တော်ရှယင်ကို အမျက်တော်ရှရင်လို့ပဲ သင်ခဲ့ရဖူးပါတယ်။

၎။ ယင်ကို သမီးတို့က ရကောက်လို့ အမှန်ထင်နေတာပါဆရာ။ ဘယ်ဟာအမှန်လဲဆရာ။

၅။ ဆရာအားယင် ရှင်းပြပေးပါ။ လေးစားလျှက်။

အမျက်တော်ရှလျှင်၊ အားလျှင်လို့ ရေးရတယ်။ အားရင်ဆိုတာ စကားပြောအသုံးသာဖြစ်တယ်။ ယင်လို့ရေးတော့ ယင်ကောင်လို့ ထင်စေနိုင်တယ်။ အရင်ကလည်း ယင်လို့ရေးခဲ့တာတွေ ရှိတယ်။

ယာဉ်
ဆင်ယာဉ်
ယာဉ်ထိန်းရဲ
မြင်းယာဉ်
ရထားယာဉ်
လှည်းယာဉ်
မော်တော်ယာဉ်
လေယာဉ်ပျံ
လှေယာဉ်
ဝေါယာဉ်
နွားယာဉ်

ယျာဉ်
ပန်းဥယျာဉ်
ခြံဥယျာဉ်
ဥယျာဉ်

ယင်
ကယုကယင်
တန်းဆာဆင်ယင်
တုန်တုန်ယင်ယင်
တုယင်မှန်ကင်း
ဒက္ခိဏယဉ်
ယင်ပျားကောင်
ယင်မမဲရိုင်း
ယင်ရဲ
ယင်ကောင်
ယင်ချေးဥ
ယင်ပေါင်ငှက်
ယင်ပေါင်စာငါး
ယဉ်စွန်းတန်း
ယဉ်ပါး
ယဉ်ပိုက်
ယဉ်မင်းရုပ်
ယဉ်လွန်ဆင်
ယဉ်သွား (ရက်ကန်း)
ယဉ်ကျေးသည်၊ ယဉ်ကျေးမှု
ယဉ်ထွေးဧရာ
ယဉ်အောင်ပြုသည်
ရက်ကန်းယင်သွား
လက်မယဉ် = လက်ဆော့သူ
လင်းယဉ်တိုင်
ဥတ္တရယဉ်
ယောင်ယင်ငှက်
ရေယင်မျှော်ရွာ
အေးယဉ်ကျူး

ရင်
ကရင်လူမျိုး
ထဘီရင်ရှားဝတ်ထားသည်၊
ဘုရားရင်ပြင်တော်၊
ရင်ကမ်းပန်း၊
ရင်ကွဲစရပ်
ရင်ကွဲမြှုံး
ရင်ကျပ်ရောဂါ
ရင်ခတ်ပင်
ရင်ခွင်ပိုက်
ရင်ခုန်သံ၊ ရင်ခုန်သည်
ရင်ချင်းဆိုင်
ရင်စည်းပဝါ
ရင်စို့ (နေရာ)
ရင်တွန်း (ငါးဖမ်း)
ရင်တုန်
ရင်ထုမနာ
ရင်ပတ်စည်တီး
ရင္ဖံုးအက်ႌ
ရင်ကြားစေ့
ရင်ဘတ်၊ ရင်ဘတ်စည်တီး၊
ရင်ပြင်တော်
ရင်သပ်ရှုမော
ရင်သပ်အံ့သြ
ရင်သား
ရင်အုံ
ရင်အုပ်၊ ရင်အုပ်မကွာ
ရင်ချောင်
ရင်စေ့အင်္ကျီ
ရင်ပေါင်တန်း
ရှင်ဘုရင်
ကျောင်းရင်ပြင်
စေတီရင်ပြင်

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၇
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး