ပြီးပါပြီ

ဆရာ အကောင့် အပ်ပီးပါ 😊

နားမလည်ပါ။ အပ်ပြီးပြီပြောတာလား မသိ။ အပ်ပေးပါလို့ရေးတာလား မသိ။ မသိတာကို မဖြေပါ။ ခိုင်းရင်လည်းမလုပ်ပါ။

ခုခေတ်မှာ ပြီကို ပီ၊ ပြီးကို ပီး၊ ဖြစ်ကို ဖစ်လို့ရေးနေကြတယ်။ အဲလိုသတ်ပုံအမှားသုံးလာတာ မကြာလှသေး။ ကျန်းမာရေး မေးတာတွေကို ဖြေကာစနှစ်တွေမှာ အဲလောက်မမှားကြသေးပါ။

မြန်မာစကားပုံတွေရှိတယ်။ ရရစ်တွေပါတယ်။
- ငါးပိဖြစ်ပြီးမှ အမြီးမနှံ့ချင်နှင့်တော့
- ဘုရားပြီး ငြမ်းဖျက်
- ဘယ်သူသေသေ ငတေမာရင်ပြီးရော
- တုတ်ပြီးဓါးပြီး
- ပွဲပြီးမီးသေ
- မပြောမပြီး မတီးမမြည်

ဆောင်ပုဒ် = ပုဒ်တခုမျှ၊ နက်မရက၊ မှတ်ကြအနက်၊ ဝါကျရပ်၏။ စပ်ဟပ်ယူရ၊ ပေါင်းအတ္ထ၊ ကင်းကအပေတာ။
ဘာသာပြန် = နွားမ၏သား၊ ထိုနွားလား၊ မြက်များစားပြီးပြီ၊ ရေသောက်ပြီ။

ငယ်ကတည်းက ရုပ်ရှင်တွေကြည့်တိုင်း အဆုံးမှာထိုးပြတဲ့ ပြီးပါပြီစာတမ်းကို အခုထိ မျက်စိထဲမှာ မြင်ယောင်နေပါတယ်။ မြန်မာစာပေ ပြီးပါပြီခင်ဗျားမဖြစ်စေချင်ပါ။

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး