Anniversary Day နှစ်ပတ်လည်နေ့

ည ၁၂ နာရီထိုးတာနဲ့ ဖေ့စ်ဘွတ်က နှစ်ပတ်လည်ပို့စ်တွေကို ရှာဖတ်လို့ရတယ်။ ညတိုင်းရှာပြီး သင့်တာကို မွမ်းမံပြီး ပြန်တင်ပြီးမှသာ အိပ်ပါတယ်။ အိပ်ရာထတော့ ကွန်မင့်တွေအားလုံးကို လိုက်ဖတ်တယ်။ ကျွန်တော့်အမေနေ့ပို့စ်အောက်မှာ ရေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အဖို့ ထူးဆန်းတာတခုလည်း ဖတ်ရတယ်။

ဆရာ..ဘာရေးရမှန်းမသိတော့ဖူး..စိတ်မကောင်းတာပဲ..သိတယ်

ကျွန်တော်က စာရေးညံ့တယ်။ ဆောရီးလို့ ညကတည်းက ရေးလိုက်တယ်။

ဆောရီး ကွန်မင့်ကို အခုမှ သေချာဖတ်မိတယ်။ ဆရာထင်ခဲ့တာ မှားသွားတယ်။ ဆောရီး။

အခုထိ အဲတာကို ဆက်စဉ်းစားနေတယ်။ ကွန်မင့်ရေးသူ ဘာဆိုလိုသလဲတော့ မသိပါ။ မြန်မာ့နိုင်ငံရေးမှာ အဲလိုအဲလို တကယ်ဖြစ်ပျက်ခဲ့တာကို မသိတာလား။ တချို့က တကယ်ကို မသိကြပါ။ ပို့စ်တွေ ကွန်မင့်တွေဖတ်ပြီးမှ အဲလို ကောက်ချက်ချတာဖြစ်ပါတယ်။ တချို့က ဝါဒဖြန့်ချိတာကိုသာ အမှန်ထင်ကြတယ်။ ၁၉၈၈ နဲ့ ၁၉၉ဝ တို့ဟာ မကြာသေးပေမဲ့ အဖြစ်မှန်ကို အလေးမထားတော့သူတွေ မနည်းပါ။ အဲတာမျိုးက ခေတ်အဆက်ဆက်မှာရှိတယ်။

ကျွန်တော့်အမေဆိုတာ ဘာဟုတ်သေးလဲ၊ လွတ်လပ်ရေးနေ့ကိုတောင် တချို့မှာ လေးနက်မှုနည်းနေကြတာတော့ စိတ်မကောင်း ဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်က လွန်လပ်ရေးနေ့ပွဲလမ်းတွေကို သွားကြည့်ပြီး ပျော်ခဲ့တယ်။ မြို့နယ်ဆရာဝန်ဖြစ်တော့ ဦးစီးပြီးကျင်းပပေးခဲ့တဲ့ ကလေးပြိုင်ပွဲတွေကို အမှတ်ရတယ်။ အဲဒီကလေးတွေ ကြီးပြင်းလာကြပြီ။

ဒေါက်တာတင့်ဆွေ
၎-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး