အချစ်ဆိုတဲ့ အရသာ

ရေး စိုင်းခမ်းလိတ်၊ ဆို စိုင်းထီးဆိုင်

သီချင်းရေးတဲ့ စိုင်းခမ်းလိတ်ကို ဆေးကျောင်းမှာ စိုင်းလိတ်လို့ခေါ်ကြတယ်။ သူက ကျွန်တော်ရောက်ပြီး နောက်နှစ်မှာ ဆေးမန်းကို ရောက်တယ်။ ကျွန်တော်က ရောက်ပြီးနောက်နှစ်မှသာ အဆောင်နေလို့ မန္တလေး ဖါသားလဖုန်းကျောင်းက အဆောင်မှာ သူတို့အတန်းကကျောင်းသားတွေနဲ့ အတူနေရတယ်။ သူနဲ့က ကုတင်ချင်းကပ်လျှက်။ အဲသည်တုန်းက သူက ရှမ်းပင်နီဘောင်းဘီနဲ့၊ ပုလွေတချောင်းနဲ့ ဂီတာဟောင်းတလက်နဲ့။ နေ့တိုင်းလိုလို သူ့အိပ်ရာပေါ်မှာ အေ ဘီ စီ ဒီ နှုတ်တွေနဲ့ သီချင်းစာရွက် တွေ့ရလေ့ရှိတယ်။

အဲဒီအချိန်က ဆေးကျောင်းသားတွေပါ မြန်မာစာကို သတ်ပုံမှန်နဲ့ ရေးတတ်ကြတယ်။ အခုခေတ် မြန်မာစာ ပါမောက္ခတွေက တမျိုး။ မြန်မာစာဖတ်ရတာ အရသာမရှိတော့ပါ။

အချစ်ဆိုတဲ့ အရသာ
တရံတခါ
တကယ်ဆို
အပြန်တရာ
အဖန်တရာ

စဉ်းစားပါဦး
ငါတခုမှ
တယောက်အကြိုက်
တခါငိုရင်
တခါမက

တချို့က သတ်ပုံအကြောင်းပြောရင် တိုင်းရင်းသားမို့နေမှာပါလို့ ပြောလာကြတယ်။ မဟုတ်ပါ။ ရွှေလို့ခေါ်တဲ့ ဗမာတွေက ပိုမှားကြတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁-၂၀၁၈
၁၇-၁-၂၀၂၀
ပုံ = Navigator T.R‎Song Lyrics + သီချင်း စာသားများ နှင့် ဆိုင်ရာ - ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး