ဆောင်းရတုပွဲ

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊
ချမ်းပေါင်လေ တဖေတင်းသော်လည်း၊
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။

မျက်တခတ်၊
ပြက်လျှပ်ကယ် တဗီဇနာမျှ၊
ထည်အလွှာ အကုန်ထွေးသော်လည်း၊
ကြည်အသာ မလုံသေးပါဘု၊
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊
သွေးလန့်လို့ခုန်။

ယမ်းယောင်ကာ တလျက်ညည်းမိတော့၊
သန်းခေါင်မှာ မြကြက်သီးတွေက၊
တဖီးဖီး ပျံ့လို့ငယ်အုံ၊
ဗျာဆုံတဲ့ ရာသီပဲ။

ငွေနှင်းငယ်မှုန်၊
လေညင်းရယ် တသုန်သုန်နှင့်၊
ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊
မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့၊
သည်ခေတ်မှာ သည်လိုဟာဖြင့်၊
သည်ကိုယ်မှာ သေသေလုပါပေါ့၊
ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊
ဆောင်းရတုပွဲ။ (အချုပ်တန်းဆရာဖေ)

ဒသမတန်း ကဗျာလက်ရွေးစင်စာအုပ်မှာတော့ တတွေကို တစ်နဲ့ ရိုက်နှိပ်ထားပါတယ်။ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ချိုးဖေါက်တာဖြစ်တယ်။ မလုပ်ကောင်း မလုပ်အပ် မလုပ်ထိုက်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၈
၆-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး