Taste of Fasting ငတ်တဲ့အရသာ

ဥပုသ်စောင့်သူတွေ ညစာ မစားကြပါ။ သီလအကျိုးအတွက်ဖြစ်တယ်။ ကိုရင်တွေ၊ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေလည်း ဝိနည်းတွေအရ မွန်းလွဲညစာ မစားကြပါ။

မင်းသိင်္ခရေးတဲ့ ပုဏ္ဏားဘကွန်းထဲမှာ ငတ်တဲ့အရသာလို့ပါတယ်။ အဓိပ္ပါယ်တမျိုးဆောင်ပါတယ်။

ကျောက်သင်္ဘောတရားထဲမှာ စည်ဆိုတာ တီးမှသာမြည်တယ်လို့ပါတယ်။

ဆားနဲပဲစားမယ်လို့ ပြောလေ့ရှိတယ်။ လျှာမြက်ပေါက်ပါစေ အဲတာမျိုးတော့ မစားလို့လည်း စကားရှိတယ်။

တချို့စာတွေ စာအုပ်တွေကိုလည်း မဖတ်တာက ပိုပြီးအဆိုးနည်းစေမယ်။

ဖေ့စ်ဘွတ်မှာ တချို့ပို့စ်တွေကို မဖတ်ဘဲနေတာက ပိုပြီးအကျိုးများစေမယ်။ ပို့စ်တင်သူတွေလည်း သူတို့အဲလိုစာတွေကို မတင်ဘဲနေရင် လူတွေက ပိုပြီး ချစ်ခင်လေးစားနိုင်ကြတယ်။

ကျွန်တော် ဆာဂျရီအကြောင်းစာထဲမှာ တော်တဲ့ခွဲစိတ်ဆရာဝန်ဆိုတာ ခွဲစိတ်နည်းကိုသာမက မခွဲရမှန်းကိုပါ သိသူလည်း ဖြစ်တယ်လို့ ရေးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး