ရုတ် ရုပ် ယုတ်

၁။ ခုခေတ်စာအရေးသားနဲ့ အရင်ခေတ်စာအရေးသားတွေဖတ်ပြီး ဘယ်အရေးသားက အမှန်လဲ တော်တော် စဉ်းစားယူရတယ်ဆရာ ငြုပ်သီးနဲ့ ငရုပ်သီးလိုမျိုးပေါ့ဆရာ

၂။ ဆရာ့စာမှာ ငရုတ်သီး၊ ငရုပ်သီးဆိုပြီး ၂ မျိုးကွဲရေးထားတာတွေ့ ရပါတယ်ခင်ဗျာ။ ဆရာ့စာမှာတော့ သုံးမထားပေမယ်လို့ တချို့လူတွေက ငြုပ်သီးဆိုပြီးလည်းရေးကြတာတွေ့ ရပါတယ်။ အမှန်သိချင်လို့ ပါဆရာ။

၃။ ယုတ်တရက်ကို ရုတ်တရက်လို့ပဲ ရေးမိနေခဲ့တာပါ ဆရာရှင့်။ (ရုတ်တရက်ကသာ မှန်ပါတယ်။)

၎။ ငြုပ်သီးလို့ ငယ်ငယ်ကသင်ရသလားလို့ဆရာ။ င ငြုပ်စိမ်း ခပ်ရှိန်းရှိန်း၊ င ငချိပ်ပေါင်း စားလို့ကောင်းကနေ ပြောင်းခဲ့တယ် ထင်ပါတယ်ဆရာ။

ရုတ်
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ရက်ခတ်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ

ရုပ်
တရုပ်စကားပင်
တရုပ်ပြည်
ရုပ်ကလာပ်
ရုပ်ဆင်းအင်္ဂါ
ရုပ်တုဆင်းတု
ရုပ်ဓာတ်
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်
ရုပ်ဝါဒ
ရုပ်သိမ်း
ရုပ်ဖျောက်
ရုပ်ပြောင်းရုပ်လွှဲ
ရုပ်ပြောင်းလဲခြင်း
ရုပ်ပြောင်ကာတွန်း
အရုပ်ရေး
အဝတ်ရုပ်
ကျောက်ဖြစ်ရုပ်ကြွင်း

ယုတ်
ဆုတ်ယုတ်
ယုတ္တိတန်
ယုတ္တိယုတ္တာ
ယုတ်ကန်း
ယုတ်စွအဆုံး
ယုတ်ညံ့
ယုတ်တိယုတ်မာ
ယုတ်ပတ်
ယုတ်မာ
ယုတ်လျော့
အားယုတ်

သင်ပုန်းကြီးစာတွေက မကြာခဏပြောင်းတယ်။ ကျွန်တော်တို့သူငယ်တန်းမှာ င ငပုဏ္ဏား ဟင်းချက်စား။ သတ်ပုံစာအုပ်ဟောင်းတွေမှာ ငရုတ်လည်းမပါ၊ ငြုတ်လည်းမပါ။ မြန်မာ့စွယ်စုံကျမ်းမှာ ငရုတ်လို့ ရေးပါတယ်။ ကြားထဲကာလမှာ ငြုတ်လို့ ရေးကြသေးတယ်။ တရုပ်ကို တသတ်မှမှန်တယ်ထင်တာ မှားတယ်။

တရုပ်ပြည်မှာ ငရုတ်သီးစားတာကို အားယုတ်စေတယ်လို့ မပြောပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး