Back to normal နေကောင်းစပြုလာပြီ

ဘယ်အချိန် ဘယ်ခေတ်လောက်မှာ (တ) ကနေ (တစ်) ကိုပြောင်းလဲသွားတာလဲဆရာ။ သားတို့ သင်လာခဲ့သမျှတော့ အရေအတွက်ဆိုရင် တစ်ခု တစ်ကောင် တစ်ဦး စသည်ဖြင့် အဲလိုပဲ မှတ်သားခဲ့ရတယ်။ အခုထိ စာရေးရင် အရေတွက်နဲ့ဆို (တစ်) ပဲသုံးတာများတယ်။

ခဏခဏ (ခဏခဏ) ရေးထားတယ်။ ခပ်တိုတိုပြောရရင် ၁၉၈၁ နောက်မှာ ပြင်ခိုင်းတယ်။ အမိန့်နဲ့ဖြစ်တယ်။ တတွေက မှားလို့ မဟုတ်။ ၁၉၈၈ အထိ ကိုယ်သဘောကျတာနဲ့ ရေးပြီးထုတ်ဝေခွင့်ရှိတယ်။ ဒိနောက် တဆိုရင် ထုတ်ဝေခွင့် မပေး။ စစ်အုပ်ချုပ်ရေးပြီးတော့ ကိုယ်ကြိုက်သလိုရေးလို့ရလာပြန်တယ်။ အဆိုးဆုံးက အရင်သတ်ပုံမှန်နဲ့ ရေးထားခဲ့တဲ့စာတွေကို နောက်သတ်ပုံနဲ့ပြင်ပြီး ထုတ်ဝေရောင်းစားနေကြခြင်းဖြစ်ပါတယ်။ အဲတာ အခုထိဖြစ်တယ်။

အပြင်ခံရတဲ့ ပညာရှင်တွေနဲ့ စာတွေစာရင်း များလွန်းလို့ မထည့်တော့ပါ။ သတ်ပုံအကြောင်း ပို့စ်ပေါင်း တရာကျော် ရေးထားပါတယ်။ လင့်တွေ များလွန်းလို့ မထည့်တော့ပါ။

သား-သမီး-အဘ အသုံးအကြောင်းလည်း မကြာခဏ ရေးထားပါတယ်။

သတ်ပုံကို အမှန်အတိုင်း ပြင်ရေးလာတာတွေ တနေ့တခြား တိုးလာတာတွေ့ရတယ်။ ဝမ်းသာစရာ အလွန်ကောင်းတယ်။ မြန်မာစာ နေကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး