Health benefits of bamboo shoots မျှစ်အာဟာရ

မျှစ်စားရင် ဘာအာဟာရဓာတ်မှမဖြစ်ဘူးလို့ ပြောကြဆိုကြတယ်ဆရာ သူ့ရဲ့ အကျိုးဓာတ်ပြောပြပေးပါလားဆရာ။

ကိုယ့်တိုင်းပြည်ကတော့ အဆန်းတွေ အတော်ပြောကြတယ်။ ကောင်းတာဆို မစွံဘူးတယ်။ ဆေးအတုဆို ဘယ်မှာ ဝယ်ရမလဲတဲ့။

တမြန်နှစ်က ထိုင်းကလာတဲ့မျှစ်ပုံအောက်က ကွန်မင့်လာတယ်။ Ingredients တွေဖတ်ပြီး ဆရာတို့စားမယ်ဆိုရင် ပို့ပေးလိုက်ပါမယ်၊ လိပ်စာအသစ်သာ ပို့ပေးလိုက်ပါတဲ့။

ကျေးဇူး။ ဝါးဟာ အာရှယဉ်ကျေးမှုလို့တင်စားနိုင်တယ်။ မျှစ်သုတေသနအရ အမြန်ဆုံးပေါက်တဲ့ ဝါးအမည်က Chinese Moso လို့ ခေါ်တယ်။ တနေ့မှာ ၁ဝဝ စင်တီမီတာရှည်ရှည်ပါသတဲ့။ ဝါးကနေရတဲ့ မျှစ်အာဟာရတန်ဖိုးတွေထထဲမှာ ကိုယ်အလေးချိန်ကျစေတယ်နဲ့စတယ်။ ကိုလက်စထောလည်း မျှတစေမယ်။ ခုခံအားလည်း ကောင်းစေမယ်တဲ့။

နှလုံးအတွက်သင့်တော်တဲ့ ပရိုတင်းပါတယ်။ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။ အဆီဓါတ်က မဖြစ်စလောက်။ ဖိုက်ဘာလည်းပါလို့ အစာလမ်းကို ကောင်းစေမယ်။

ကယ်လိုရီလည်း နည်းနည်းသာရစေတယ်။ 100 gram ကနေ ကယ်လိုရီ ၂ဝ သာရစေမယ်။ ကာဗွန်ဟိုက်ဒရိတ် ၃-၄ ဂရမ် သာရစေမယ်။ သကြားဓါတ်လည်း နည်းတယ်။ 100 gram ကနေ ၂့၅ ဂရမ်သာရမယ်။ အဲတာတွေနည်းတာက လူကို မဝစေပါ။ အဆီဓါတ်က သုညဒသမ ၄၉ သာပါတယ်။ အဆီအညံ့စား LDL cholesterol လည်းပါတော့ပါတယ်။

ပရိုတင်းဓါတ် 100 gram ကနေ ၂့၅ ဂရမ်ရမယ်။ အဆင်ရှယ် အမိုင်နိုအက်စစ်တွေပါတယ်။ ဗီတာမင် အေ၊ ဘီ-၆၊ အီး၊ ၁ နဲ့ ၂ ပါတယ်။ ဖောလိတ်ပါတယ်။ နိုင်ယာစင်ပါတယ်။ ပိုတက်ဆီယမ်၊ ဖေါ့စ်ဖါးရပ်စ်၊ ဆိုဒီယမ်။ ဇင့်၊ ကောပါး၊ မင်ဂနီးစ်၊ သံဓါတ်နဲ့ ဆယ်လီနီယမ်ဓါတ်ဆားတွေလည်းပါတယ်။ ဖိုက်ဘာက 100 gram မှာ ၆-၈ ဂရမ် ပါတယ်။

မျှစ်က အဆိပ်အတောက်ကိုနိုင်တယ်။ အစာအိမ်ရောဂါကုနိုင်တယ်။ သားအိမ်ကို အားပေးတယ်။ အနာကျက်စေတယ်တဲ့။ ပိုပိုမိုမိုပါသေးတာက ရောင်ရမ်းခြင်းကို သက်သာစေပြီး ကင်ဆာကိုပါ ခုခံတိုက်ပေးပါဦးမယ်ထဲ့။ မျှစ်ကခံတွင်း မြိန်စေတယ်။ အပီတိုက်ဇာလို့ ခေါ်တယ်။
ကျွန်တော်တို့အိမ်ကတော့ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ မျှစ်ခြောက် အကုန်ကြိုက်တယ်။ ချက်နည်း ကြော်နည်း တို့စာနည်း အစုံ လုပ်စားတယ်။ မနေ့က နောက်ဆုံးကျန်တဲ့ မျှစ်ခြောက်ချက်တယ်။ မကြာခင် ရန်ကုန်က ထပ်ရောက်လာစရာရှိလို့။

Cooking fresh bamboo shoots မျှစ်ချက်နည်း https://doctortintswe.blogspot.com/2019/06/cooking-fresh-bamboo-shoots.html

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၈
၁၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး