China တရုပ်သတ်ပုံ ပဟေဠိ






မကြာခဏ ဖြေရတယ်။

၁။ ဆရာရှင့် တရုတ်က တရုပ်ဖြစ်နေပါတယ်

၂။ တရုပ်လား တရုတ်လားဆရာ။

၃။ ဆရာရဲ့ ဂေဇက်မှာရေးပို့တဲ့ ဆောင်းပါးကိုဖတ်ကြည့်ဖြစ်ပါတယ်။ ကျွန်တော်သိချင်တာက China ကို မြန်မာလို တရုပ်လို့ရေးရမလား သို့မဟုတ် တရုတ် လို့ ရေးရမှာလားခင်ဗျာ။ အစဉ်လေးစားလျှက်။

• ၁၈၇၇ ထုတ် ယုဒသန် အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ တရုပ်ပြည်နဲ့ တရုပ်ပြည်၌လုပ်သော ကြွေပုကန်လို့ ရေးတယ်။
• ၁၉၅၄ ခုနှစ်ထုတ် ကဝိဓဇသတ်ပုံစာအုပ်မှာ တရုပ်။
• ၁၉၆၁ ထုတ် ဝဏ္ဏဗောဓနသတ်အင်းမှာ တရုပ်။
• ၁၉၆၇ ထုတ် မြန်မာ့စွယ်စုံကျမ်းအတွဲ ၄ မှာ တရုပ်။
• ၁၉၉၁ ထုတ် မြန်မာအဘိဓာန်တခုတည်းမှာသာ တရုတ်။ ဘာလို့ပြောင်းသလဲ မသိပါ။ စစ်တပ်က အုပ်ချုပ်စဉ်ကာလတွေမှာ ယကြာတို့ ဗေဒင်ကိန်းခန်းတို့အရ လုပ်တာတွေရှိပါသတဲ့။
• ငရုပ် ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ-သတ်ရေး (လယ်တီဆရာတော်ဘုရားကြီး)။
• မနှစ်သက်လို့ တယုတ်ရေးတာ သတ်ပုံစာရင်းမဝင်ပါ။

ရုပ်
တရုပ်စကားပင်
တရုပ်လူမျိုး
တရုပ်ပြေးမင်း

ယဉ်မင်းရုပ် (ယမင်းရုပ်)
ရုပ်ကလာပ်
ရုပ်ဆင်းသဏ္ဌာန်
ရုပ်တုဆင်းတု
ရုပ်ဓါတ်
ရုပ်နာမ်တရား
ရုပ်ပုံ
ရုပ်ပွါး
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်သန့်
ရုပ်လှသည်
ရုပ်သိမ်းသည်
ရုပ်ချော
ရုပ်ဖျောက်
ရုပ်ပြောင်
ရုပ်ပြောင်းရုပ်လွှဲ
သဒ္ဒါရုပ်
သရုပ်ကွက်
အရုပ်ဆိုး
အရုပ်ထု

ရုတ်
ငရုတ်သီး (ငြုပ်သီး)
ငရုတ်ကောင်း
ပရုတ်ဆီ
ဗရုတ်ဗရက်
ရုတ်ကနဲ
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ရက်ခတ်သည်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ

ယုတ်
ဆုတ်ယုတ်
ယုတ္တိတန်
ယုတ္တိယုတ္တာ
ယုတ်ကန်း
ယုတ်စွအဆုံး
ယုတ်ညံ့
ယုတ်တိယုတ်မာ
ယုတ်ပတ်
ယုတ်မာ
ယုတ်လျော့
အားယုတ်

ဒေါက်တာတင့်ဆွေ
၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး