BC and AD ဘီစီ နှင့် အေဒီ

စောစောက မေးတာတခု ဖုန်းကနေတွေ့လိုက်တယ်။ BC တွက်နည်း မေးခွန်းကို ပြန်ရှာတာ မတွေ့သေး။ အရင်ကမေးလို့ ရေးထားတယ်။ ကျမ သိပ်နားမလည်ပါဆရာ ဘီစီ ဆိုတာတွေဟာ ကျမ အတော်မသိတာပါ။

ဘီစီ၊ အေဒီကို အလယ်တန်းမှာ သင်ရပါမယ်။ ခရစ်မတိုင်မီနဲ့ ခရစ်နောက်လို့ ကျောင်းမှာ သင်ပါတယ်။

A.D. စာလုံးက လက်တင်ဘာသာစကား Anno Domini ကနေလာတယ်။ Lord ခေါ် Jesus Christ ဂျီးဆပ်စ်ဘုရား မွေးတဲ့ခုနှစ်။ Julian ဂျူလီယန်ပြက္ခဒိန်နဲ့ ကနေ့ကျွန်တော်တို့သုံးနေကြတဲ့ Gregorian ဂရီဂိုရီယန် ပြက္ခဒိန်မှာ သုံးတဲ့ခုနှစ်ဖြစ်တယ်။

B.C. ဆိုတာ Before Christ ကိုအတိုရေးတာ။

B.C./A.D. ရေးနည်းစနစ်အပြင် C.E. ခေါ် Common era နဲ့ B.C.E. ခေါ် Before common era လို့ရေးလာတာမျိုး ရှိတယ်။ BCE/CE and BC/AD လို့လည်း ခေါ်သေးတယ်။ BCE/CE ဆိုတာ Common Era (AD/BC) ကိုဆိုလိုတယ်။ Christianity ခရစ်ယန်ကိုသာရည်ညွှန်းတာ မသုံးချင်လို့ ဖြစ်ပါတယ်။

1403 A.D. နဲ့ 1403 C.E. တွေက အတူတူ။ 4000B.C. နဲ့ 4000B.C.E. ကအတူတူ။

ဝီကီပီးဒီးယားအလိုအရ Siddhartha Gautama ဗုဒ္ဓမြတ်စွာဘုရားသည် 480 BCE မှာမွေးဖွားပြီး 400 BCE မှာ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ ဘီစီ ၃ဝဝ မှာ မွန်နိုင်ငံတော် စည်ပင်ထွန်းကားခဲ့တယ်။ ဘီစီ ၁ဝဝ မှာ ပျူနိုင်ငံတော် ပေါ်ထွန်းခဲ့တယ်။ အေဒီ ၉ဝဝ အထိ ရှည်ကြာတယ်။ အေဒီ ၈၄၉ ခုနှစ်မှာ ပုဂံနိုင်ငံတည်ထောင်တယ်။ အနော်ရထာမင်းဟာ အေဒီ ၁ဝ၄၄ ကနေ ၁ဝ၇၇ အထိ ပုဂံပြည်မှာ နန်းစံတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရတာ အေဒီ ၁၉၄၈။ ကျွန်တော်အခုစာရေးနေတာ ခရစ်မွေးပြီးနောက် ၂ဝ၂၀ နှစ် အကြာမှာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၈

၆-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး