ဂါထာခြောက်ဆယ်

တပေါင်းလပြည့်နေ့

မြန်မာပြည်မှာတော့ လပြည့်ပြီ။ ဒီမှာတော့ နက်ဖြန်။ အလယ်တန်းကျောင်းသားဘဝမှာ တပေါင်းသာခေါင် လများနောင် စာစီစာကုံးရေးခဲ့ရတယ်။ အထက်တန်းရောက်တော့ အေမွန်းလစ်တ်နိုက် အက်ဆေးရေးရတယ်။ ကျောင်းပြင်စာတွေလည်း အနည်းအပါးဖတ်ပါတယ်။

ဘုရားပင်ဖို့ရာလာခဲ့တဲ့ အမတ်ဘဝကနေ မထေရ်ဖြစ်သွားတဲ့ ကာဠုဒါယီဟာ တပေါင်းလပြည့်နေ့မှာ ဟေမန္တဆောင်းဥတု လွန်မြောက်ခဲ့လေပြီ။ ဝသန္တနွေဦးပေါက်အချိန်သို့ ရောက်ခဲ့လေပြီ။ တောင်သူလယ်သမားတို့သည် ကောက်ပဲသီးနှံတို့ကို မိမိတို့လယ်ယာမှ ထုတ်နုတ်သိမ်းဆည်းပြီးကြပြီဖြစ်၍ ခရီးသွားများလွယ်ကူစွာသွားနိုင်ကြရန် ခရီးဦးတည့်ရာ အရပ်တို့မှ ခရီးလမ်းကို ဖွင့်၍ပေးကြလေပြီ။ မဟာပထဝီ ဤမြေကြီးသည်လည်း စိုပြေစိမ်းလန်းသော မြက်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိသည့်ပြင် ပတ်ဝန်းကျင်တောအုပ်အပေါင်းတို့လည်း ရွက်ဟောင်းကိုစွန့်ပစ်၍ အရွက်သစ်လဲလှယ်ကာ တင့်တယ်စွာ သီးကြပွင့်ကြလေပြီ။ မပူလွန်းမအေးလွန်း လမ်းတိုင်းလမ်းတိုင်းဟာ သွား၍ကောင်းသောအချိန်ဖြစ်ခဲ့ပြီ။ မြတ်စွာဘုရား ဆွေတော်မျိုးတော်တွေကို ချီးမြှောက်ကြွရောက်ရန် အချိန်တန်ခဲ့လေပြီဟု ကြံစည်ဆင်ခြင်ပြီး ဂါထာခြောက်ဆယ်ကျော်နဲ့ မြတ်စွာဘုရားကို ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူရန် ချီးမွမ်းလျှောက်ထားလေ၏လို့ ဖတ်ရပါတယ်။

ရှင်အုန်းညိုရေးသားတဲ့ ဂါထာခြောက်ဆယ်ပျို့ကို ဟံသာဝတီတိုက်ကနေ ၁၉၆၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အပိုဒ်ပေါင်း ၈၄ ပိုဒ်နဲ့ နိဂုံးလင်္ကာပါတယ်။ အပိုဒ်တခုစီရဲ့အစဆုံး စကားစုတွေကို တင်ပြပါတယ်။
၁။ မဟာဗုဒ္ဓဟေ
၂။ ဗာရာဏသီ
၃။ ရာဇဂြိုဟ်ပြည်
၎။ အခြားအခြား
၅။ အဘန်အဘန်
၆။ အကြိမ်အကြိမ်
၇။ အခန်းအခန်း
၈။ လူ့ဘုံသုံးပါး
၉။ မျှော်ရှုမျှော်ရှု
၁၀။ မြော်ဆုမြော်ဆု
၁၁။ ဘော်ဆုဘော်ဆု
၁၂။ ပျော်မှုပျော်မှု
၁၃။ ပေါ်လှုပေါ်လှု
၁၄။ ယော်နုယော်နု
၁၅။ခန့်ကျုံးသတ္တဝါ
၁၆။ စရိုက်စရိုက်
၁၇။ အလိုက်အလိုက်
၁၈။ အမြိုက်အမြိုက်
၁၉။ အမိုက်အမိုက်
၂၀။ အထိုက်အထိုက်
၂၁။ အကြိုက်အကြိုက်
၂၂။ တသိုက်တသိုက်
၂၃။ မဟောသိနော်
၂၄။ မပြတ်မပြတ်
၂၅။ တလတ်တလတ်
၂၆။ အတတ်အတတ်
၂၇။ အမှတ်အမှတ်
၂၈။ အမြတ်အမြတ်
၂၉။ အထွတ်အထွတ်
၃၀။ မဟာယသ
၃၁။ အစိုင်အစိုင်
၃၂။ အပြိုင်အပြိုင်
၃၃။ အဆိုင်အဆိုင်
၃၄။ အခိုင်အခိုင်
၃၅။ အလှိုင်အလှိုင်
၃၆။ အတိုင်အတိုင်
၃၇။ ရောက်ရာဗုဒ္ဓဟေ
၃၈။ တစဉ်တစဉ်
၃၉။ တရှဉ်တရှဉ်
၄၀။ တပျဉ်တပျဉ်
၄၁။ တလျဉ်တလျဉ်
၄၂။ အပျဉ်အပျဉ်
၄၃။ တမျဉ်တမျဉ်
၄၄။ ပါရမီမြတ်
၄၅။ တရွေတရွေ
၄၆။ အထွေအထွေ
၄၇။ တဆွေတဆွေ
၄၈။ တမြေတမြေ
၄၉။ တနေတနေ
၅၀။ တထွေတထွေ
၅၁။ မဟဝီရ
၅၂။ တဝေးတဝေး
၅၃။ ကသေးကျသေး
၅၄။ တပြေးတပြေး
၅၅။ အရေးအရေး
၅၆။ မနှေးမနှေး
၅၇။ တမွေးတမွေး
၅၈။ ဘဂဝန္တံ
၅၉။ ညံ့ညံ့နူးနူး
၆၀။ ကြံကြံနူးနူး
၆၁။ ရွံ့ရွံ့ယူးယူး
၆၂။ ပျံ့ပျံ့ပျူးပျူး
၆၃။ နံ့နံ့နူးနူး
၆၄။ အံ့အံမူးမူး
၆၅။ သာဓုသမ္မေတေ
၆၆။ တပေါင်းပေါင်း
၆၇။ အကြောင်းအကြောင်း
၆၈။ မပြောင်းမပြောင်း
၆၉။ တချောင်းတချောင်း
၇၀။ တခေါင်းတခေါင်း
၇၁။ အသောင်းအသောင်း
၇၂။ မနှောင်းမနှောင်း
၇၃။ အကောင်းကောင်း
၇၄။ တခြားတခြား
၇၅။တရားတပါး
၇၆။ အများအများ
၇၇။ ဗုဒ္ဓသေဋ္ဌော်
၇၈။ အသီးအသီး
၇၉။ အဖြီးအဖြီး
၈၀။ အဆီးအဆီး
၈၁။ အကြီးအကြီး
၈၂။ အပြီအပြီ
၈၃။ တညီတညီ
၈၄။ ဤသို့ဝန်းဝိုက်

ပြန်ထုတ်စာအုပ်တွေနဲ့ ဒေါင်းလုဒ်တွေမှာ သတ်ပုံတွေပြင်ထားသလား မသိပါ။ ပြင်တာဆိုရင် မလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ ရေးကြပေါ့။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၁၉
၇-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး