ကျည် ကြည် ကျင် ကျဉ် ကြဉ်

၁။ ထုံကျဉ်လို့ရေးတာအမှန်လားထုံကြင်က အမှန်လားလည်းမေးပါရစေဆရာ။

၂။ ဆရာ၊ မ၊ အသက် ၂၄ ပါ ခေါင်းနောက်ပိုင်းက ကျည်ပါတယ် ခေါင်း တခါတလေကိုက်ပါတယ် အာရုံကြောရောင်ဖူးပါတယ် အာရုံကြောအားဆေးလဲသောက်ပါတယ် ခေါင်းကျည်တာ မသက်သာလို့ပါ ဆရာ ခေါင်းမမူးပါဖူး ကျီးပေါင်းထင်လို့ ဓာတ်မှန်ရိုက်ခိုင်းတာ ကျီးပေါင်းမဟုတ်ပါဖူး အအေးခံခဲ့ဖူးပါတယ် လက်တွေခြေတွေတော့ မကျည်ဖူး ဆရာ အာ့ဘာဖြစ်တာလဲရှင့် ဘယ်လိုကုရမလဲရှင့်

ဒုတိယမေးခွန်းဖတ်တော့ ချက်ချင်းသဘောမပေါက်လို့ မေးခွန်းကို ၂-၃ ခါဖတ်ရတယ်။ အရပ်ခေါ်ရောဂါလား အရင်စဉ်းစားရတယ်။ ခေါင်းမကြည်တာလား၊ ခေါင်းထုံကျဉ်တာလား ထပ်စဉ်းစားမိတယ်။

ကျည်
ကျည်ကျည် ဟစ်အော်သည်
ကျည်ကျည်ကျားကျား
ကျည်ကျည်လောင်လောင်
ကျည်ဆံ
ကျည်စေ့
မီးကျည်မီးပန်း
ကျည်တောက်
ကျည်နဲကျည်နူး = ကြည်နူး = နှေးဖြည်းကြာထင်
ကျည်ပွေ့ = ကျည်မွေ့ = ကျဗွေ့

ကြည်
စိတ်တည်ကြည်၊
စိတ်ကြည်ကွဲ၊
စိတ်ကြည်နူး၊
ကြည်ညို၊
ကြည်ဖြူသည်၊
ကြည်မြ၊
ကြည်လင်၊
ကြည်သာ။
ယုံကြည်၊
အကြည်တော်၊
ရေကြည်၊

ကျင်
ကျွမ်းကျင်သည်
ကျင် (ဂျင်) ပေါက်ကစားသည်
ကျင်တွယ် (လက်သမားသုံး)
ကျင်ကြီးကျင်ငယ်
ဆံထိုးဆံကျင်
ဆန့်ကျင်သည်
ပတ်ဝန်းကျင်
ရွက်ကျင် (ကြွေ) ရွက်ဟောင်း
သံတံကျင်
ခြေကျင်သည်
သံသရာ၌ ကျင်လည်ကြရသည်

ကျဉ်
ထုံကျဉ်
ခါးသေးခါးကျဉ်
ခြေကျဉ်
ကျဉ်ကြော
ကျဉ်ထုံ
ကျဉ်နီကျဉ်နက်
ခါးကျဉ်
အကျဉ်အခဲ၊
အထုံအကျဉ်

ကြဉ်
ဂိုဏ်းမှကြဉ်
ပယ်ကြဉ်
ဖယ်ကြဉ်
ဖဲကြဉ်
ကြဉ်ခွါသော
ကြဉ်ပယ်သော
ကြဉ်ဖယ်
ကြဉ်လိုက်ပြီ
ကြဉ်အပ်သော
ကြဉ်ရှောင်
နောင်ကြဉ်
ရှောင်ကြဉ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး