ရှိတ်စပီးယား၏ ဗင်းနစ်မြို့ ကုန်သည်ကြီး
ကျွန်တော်တို့ ၈ တန်းမှာ အင်္ဂလိပ်ဖတ်စာအဖြစ် ရှိတ်စပီးယားပြဇာတ်အတိုချုပ်တွေ သင်ခဲ့ရတယ်။ The Merchant of Venice လည်းပါတယ်။
ရှေးသရောအခါ ဣတာလီပြည် ဗင်းနစ်မြို့တော်တွင် အင်တိုနီယိုအမည်ရှိသော ကုန်သည်ကြီးတယောက်ရှိလေသည်။ သူသည် သင်္ဘောများစွာပိုင်ဆိုင်၍ တမြေရပ်ခြား နိုင်ငံများနှင့် အရောင်းအဝယ်ပြုလုပ်လေသည်။ စိတ်ကောင်းရှိပြီး ပစ္စည်းဥစ္စာကြွယ်ဝသောသူဖြစ်လေသည်။ သူ၏အခင်မင်ဆုံး မိတ်ဆွေမှာ ဘက်ဆာနီယိုမည်သော အမျိုးကောင်းသား တဦးဖြစ်လေသည်။ ဘက်ဆာနီယိုသည် ပိုရှာမည်သော အမျိုးသမီးကို ချစ်ခင်နှစ်သက်၏ သို့သော် သူ့မှာ ဥစ္စာပစ္စည်း မပြည့်စုံသဖြင့် လက်ထပ်ဘို့ခွင့်ပန်ရန် ဝန်လေးနေသောသူဖြစ်လေသည်။
ဇာတ်လမ်းဘာသာပြန် ခင်မျိုးချစ်
ပန်းချီ ဦးဘကြည်
မြဝတီစာစဉ်၊ ၁၉၇၈ ခုနှစ်၊ စာမျက်နှာ ၂၄
https://drive.google.com/open…
ကုန်သည်ကြီးတယောက်၊ တမြေရပ်ခြား၊ အမျိုးကောင်းသားတဦး သတ်ပုံတွေ လေ့လာနိုင်ဘို့ တင်ပြပါတယ်။ ရှိတ်စပီးယားစာတွေကိုတော့ စပယ်လင်မပြင်ပါ။ မြန်မာစာတွေမှန်သမျှတော့ ခင်မျိုးချစ်ထက်တော်သူတွေက ပြင်ကြတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment