ထီလက်မှတ်

ယခုလ ပထမအကြိမ် ဖွင့်လှစ်သည့် သိန်းတသောင်းခွဲတန် ထီလက်မှတ်မှာ (၁)ကြိမ်မြောက်လို့ ဖော်ပြထားတယ် တကြိမ်ဆို မြောက်သင့် မမြောက်သင့် ပို့စ်တင်ပြီး ရှင်းပြပေးပါဆရာ

တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်ပို့စ် ရေးထားပြီးပါပြီ။ ထပ်ကွန့်ပါရစေ။

နည်းပညာတက္ကသိုလ် (စစ်တွေ) ရဲ့ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဓါတ်ပုံတခု အခုပဲတွေ့တယ်။ ကျေးဇူး။

(၁) အကြိမ်မြောက် နဲ့ တကြိမ်မြောက်ကို ပဌမ၊ (၂) အကြိမ်မြောက် နဲ့ နှစ်ကြိမ်မြောက်ကို ဒုတိယလို့ရတာ မှန်တယ်။

၁ ကနေ ၁၀ အထိသာ ပါဠိလိုဖတ်တတ်ကြတာ များတယ်။ ၁၁၊ ၁၂ ကစပြီး ခက်သွားပြီ။ စာအုပ်လှန်မှသာ သိမယ်။
၁ = ပထမ
၂ = ဒုတိယ
၃ = တတိယ
၎ = စတုတ္ထ
၅ = ပဉ္စမ
၆ = ဆဋ္ဌမ
၇ = သတ္တမ
၈ = အဋ္ဌမ
၉ = နဝမ
၁၀ = ဒသမ
၁၁ = ဧကဒသမ
၁၂ = ဒွာဒသမ
၁၃ = တေရသမ
၁၄ = စုဒ္ဒသမ
၁၅ = ပန္နရသမ
၁၆ = သောဠသမ
၁၇ = သတ္တရသမ
၁၈ = အဋ္ဌရသမ
၁၉ = ဧကူန၀ီသတိ
၂၀ = ဝီသတိ

ကျွန်တော်ထင်တာကတော့ (၁) ကြိမ်မြောက်ရေးတာ မမှားပါ။ (၁) ကြိမ်ရှိပြီလို့လည်းပြောနိုင်တယ်။ (၁) ကြိမ် နဲ့ (၁) ကြိမ်မြောက် မတူပါ။ ကျရောက်တာနဲ့ အရေအတွက်မတူပါ။ (၁) ကြိမ်လို့သာရေးခြင်းဟာ အရေအတွက်သာဖြစ်တယ်။

မြန်မာစာကို စိတ်ဝင်စားသူတွေ ထီပေါက်ကြပါစေ။

တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် https://doctortintswe.blogspot.com/2019/02/blog-post_83.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး