မင်းတုန်း

ဒါယိကာကြီးက  ဆရာလေးတို့ မင်းတုန်းက အစားအစာစားတတ်ပါလား။

မင်းတုန်းနဲ့ အဆက်ဝေးတော့ အစားအသောက်တွေရော ယဉ်ကျေးမှုပါ မသိပါ။

မြန်မာ့စွယ်စုံကျမ်းမှာရှာဖတ်ကြည့်တယ်။ မင်းတုန်းမြို့ဟာ မကွေးတိုင်း၊ သရက်ခရိုင်မှာရှိတယ်။ အနောက်ရိုးမ တောင်တန်းကနေ ၄-၅ မိုင်သာဝေးတယ်။ မင်းတုန်း ခေါ် မထုံးမြစ်ဘေးမှာ တည်ရှိတဲ့ သာယာတဲ့မြို့လေးဖြစ်တယ်။ သရက်မြို့နဲ့ ၄၂ မိုင်ဝေးတယ်။ ဘုရင်တွေလက်ထက်မှာ မင်းတုန်းမြို့ဝန်က မင်းတပ်၊ တိုင်တား၊ မြို့သစ်၊ ပန်းတိမ်း၊ ငဖဲ၊ နန်းတော၊ မင်းတုန်းတို့ကို စီရင်အုပ်ချုပ်ရတယ်။ တောင်စဉ်ခုနစ်ခရိုင်လို့ ခေါ်တယ်။ ခရစ် ၁ဝဝ ပြည့်နှစ်ခန့်က သရေခေတ္တရာကနေ ပုန်းအောင်းလာတဲ့ သမုဒ္ဓရာဇ် မင်းသားက ဘုမ္မဝတီအမည်နဲ့ တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်။ မင်းသား ပုန်းအောင်းတာကို အစွဲပြုပြီး၊ မင်းပုန်းကနေ မင်းတုန်းလို့ ခေါ်ကြပါသတဲ့။

အဲဒီမှာ သစ်တောတွေ ဆင်စခန်းတွေရှိတာသိတယ်။ တနှစ်က ရေကြီးခဲ့တဲ့သတင်းဖတ်ရတယ်။ ရာဇဝင်မှာ ထင်ရှားခဲ့တဲ့ မြို့အမည်တွေရှိတယ်။ တဖက်မှာ ရခိုင်ရိုးမနဲ့ ချင်းတောင်တန်း။ အရှေ့ဖက်မှာ ဧရာဝတီမြစ်ကြီး။ ယောနယ်နဲ့ ဗမာလူမျိုးတွေနေထိုင်ရာဒေသ။ မင်းတုန်းနယ်ဟာ စိတ်ဝင်စားစရာဖြစ်မယ်ထင်ပါတယ်။ ပြောစကားတွေ၊ အစားအသောက်တွေနဲ့ ယဉ်ကျေးမှုတွေကို သိချင်မိတယ်။

အဆန်းအပြားတွေရောက်ခဲ့တဲ့နေရာတွေမှာ အတုအပတွေလည်းနည်းပြီး၊ အစဉ်အလာကောင်းတွေကို ထိန်းထားနိုင်ကြမယ်ထင်တယ်။ ကျန်မာရေးလည်း ကောင်းကြပါစေသတည်း။

ကျွန်တော်က မင်းရွာမှာ မွေးတယ်။ အမေ့ရွာက မင်းတိုင်ပင်။ မင်းဘေးသင့်လို့ ထွက်ပြေးရတယ်။ မင်းတုန်းကို မရောက်ဘူးပါ။

ဒေါက်တာတင့်ဆွေ
၁၀-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး