ရွှေစွန်ညို

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်
မယ်ထွေးလိုလို့ ဝဲပါတယ်။

မယ်ထွေးမပါ တို့ချည်းသာ
ပါပါရက်သား နောက်ကထား။

မယ်ထွေးအသား ခါးလှတယ်
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။

ချောင်းငယ်ရေချမ်း နွေမှာခန်း
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။

မြစ်ငယ်ရေချမ်း နွေမှာခန်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။

ပင်လယ်ရေ ဘယ်မခန်း
မယ်ထွေး အမိဖမ်း ။ ။

https://www.facebook.com/SEAheritageandhistory/videos/521828185171839
Traditional Burmese Street Game, "Shwe Sun Nyo" လို့ တွေ့တာနဲ့ ပြန်တင်ပါတယ်။ အဲတာထဲမှာတော့ ဇာတ်ခုံပေါ် မီးရောင်အောက်မှာ မင်းသမီးတွေက သရုပ်ဆောင်ထားကြတယ်။

မညီညာတဲ့မြေပြင် မြက်ခင်းပေါ် သစ်ပင်နဲ့ နေရောင်အောက်မှာ မယ်ထွေးအစစ်တွေ ကစားကြတယ်။ ရွှေစွန်ညိုကား ဝဲနေဆဲ။ မယ်ထွေးလေး လွတ်ပါစေ။

ဒေါက်တာတင့်ဆွေ

တချို့က ခန်းနဲ့ ခမ်း မှားရေးထားကြတယ်။
ခန်း
ကိန်းခန်း၊ ကုန်ခန်းသည်၊ ခန်းဆီး၊ ခန်းမဆောင်၊ ခန်းဝင်ဥစ္စာ၊ ခန်းဝါ၊ ခန်းတောက်ပင်၊ ခန်းခြောက်၊ ချွဲခန်းသလိပ်၊ စံခန်း၊ စက်ခန်း၊ စခန်းချသည်၊ စခန်းတထောက်နား၊ စမ္မခန်း (ဗေဒင်သုံး)၊ စာသင်ခန်း၊ ဆုံးခန်းတိုင်၊ တခန်းရပ်ပြဇာတ်၊ တိုက်ခန်း၊ တိုင်းခန်းလှည့်လည်၊ တနေကုန်တနေခန်း၊ ဓာတ်ခွဲခန်း၊ မီးစာကုန်ဆီခန်း၊ ပြခန်း၊ ရုံးခန်း၊ ရှုမခန်း၊ လင်ခန်းမယားခန်း၊ သင်ခန်းစာ၊ အံ့မခန်း၊ အခန်းနံပတ်၊ အိပ်ခန်း၊ အိပ်ရာတိုက်ခန်း၊ စေးမခန်းပင်၊ ဗေဒင်ကိန်းခန်း၊ ရေခန်းသည်၊ လေ့ကျင့်ခန်း၊ သေခန်းရှင်ခန်း၊ နှာရောင်ခန်း။

ခမ်း
ခမ်းကြီးနားကြီးခမ်းနား၊ တခမ်းတနား၊ ကြီးကျယ်ခမ်းနား၊ မင်းခမ်းမင်းနား၊ မျက်ခမ်းစပ်ရောဂါ၊ သဘင်အခန်းအနား၊ အခမ်းအနား၊ ကျောင်းသင်္ခန်း၊ ကျောင်းသင်္ခမ်း၊ နှုတ်ခမ်း၊ နှုတ်ခမ်းမွေး။

တချို့က ချီး၊ ခြီး၊ ခြည်းနဲ့ ချည်း မှားရေးတတ်ကြတယ်။
ချီး = ဝှဲချီးသည်။ ချီး (မစင်)။

ခြီး = ခြီးမြှင့်သည်။ ခြီးမြှောက်သည်။ ကောင်းခြီးပေးသည်။ အံ့ခြီးဘွယ်ရာ။ ခြီးမွမ်းသည်။ ခြီးကြူးသည်။

ခြည်း = ရုတ်ခြည်း၊

ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီး။

ကပ်မိုး ကပ်ကာ စာသင်ကျောင်းတွေ ပိတ်ထားရတယ်။ ကရိုနာ အမိဖမ်းနိုင်အောင် လက်ဆေးကြပါ။

ဒေါက်တာတင့်ဆွေ
၇-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး