Happy Valentine's Day ဗယ်လင်တိုင်းနေ့

ကြေးမုံသတင်းစာမှာ ဗယ်လင်တိုင်းနေ့စာပါတာကို မိတ်ဆွေတယောက်က ကွန်မင့်ရေးထားတာ တွေ့တယ်။ ဆောင်းပါးက ထိုင်းက စစ်တမ်းကို အားပြု၊ စိန့်ဗယ်လင်တိုင်းဟာ စစ်ဦးဘုရင်ကထုတ်တဲ့ အမိန့်ကို သွေဖည်ပြီး ချစ်သူစုံတွဲတွေကို လက်ထပ်ပေးလို့ အကျဉ်းကျ ကွပ်မျက်ခံရတာ မဖော်ပြ တဲ့။

ကျွန်တော်က အဲတာမျိုးမှသာ သတင်းစာမှာ ပါမယ်လို့ ကွန့်လိုက်ပါတယ်။ ဗယ်လင်တိုင်းဒေးကို လေ့လာပြီး စာ ၂ ပုဒ် ရေးထားတယ်။ တချို့က သူတို့သိထားတာပဲ အမှန်ထင်ကြတယ်။ ခရစ်ယန်တချို့က သူသိထားတာနဲ့ မညီလို့ ပြောကြတယ်။ ကြေးမုံမှာ ဗုဒ္ဓဘာသာကိုပါထည့်ရေးထားတယ်။ ဗယ်လင်တိုင်းဒေးသမိုင်းစာ လေးခုတွေ့တယ်။ နောက်ထပ်လည်းရှိပါဦးမယ်။

အေဒီ ၂ဝဝ လောက်က ရှေးရောမခေတ်မှာ ခရစ်ယန်တရားဟောဆရာ ဗယ်လင်တိုင်းကနေလာတယ်။ အဲဒီအချိန်မှာ အုပ်စိုးနေတဲ့ ရောမအင်ပါရာဘုရင် ဒုတိယမြောက် ကလောဒီးယပ်က သူ့စစ်တပ်မှာ အိမ်ထောင်မရှိတဲ့သူတွေကိုသာ ဝင်စေတယ်။ တချို့က ခရစ်ယန်မှမဟုတ်ရင် လက်မထပ်ခွင့်မရှိဆိုတဲ့ ဘုရင့်အမိန့်လို့ပြောကြတယ်။ လူပျိုစစ်သားတွေကိုကူညီခဲ့တဲ့ ဇာတ်လိုက်ဟာ သေဒဏ်ကျခံနေတဲ့ အကျဉ်းသားတယောက်ပါ။ ထောင်ထဲမှာနေရင်း ထောင်အရာရှိ အက်စတားရီးယပ်စ်ရဲ့ သမီးကို ဆေးကုပေးရပါသတဲ့။ ဆေးကုပေးစဉ်မှာ အဲဒီမိန်းကလေးကို မေတ္ကာသက်ဝင် ချစ်ခင်လာပါတော့တယ်။ ဆေးချက်ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ မျက်မမြင်ကလေးမမှာ မျက်စိနှစ်ကွင်းအလင်းပြန်ရပြီး၊ Valentine ဆိုတဲ့စာကို ဖတ်နိုင်လာပါသတဲ့။ ဒါပေမဲ့ ဧကရာဇ် ဒုတိယ ကလောဒီးယပ်စ်ကနေ သေဒဏ်ပေးပါတယ်။ သူအသတ်မခံရခင်လေးမှာ Your Valentine မင့်ရဲ့ဗယ်လင်တိုင်းဆိုတဲ့ နောက်ဆုံးနှုတ်ဆက်စကားလေး ရေးထားခဲ့ပါတယ်။ အချစ်မှာ မျက်စိမပါဘူးလို့ ပြောကြာတာ ဒီကနေလာပုံရတယ်။

ဒုတိယသီအိုရီကလည်း ရှေးရောမခေတ်ကနေပဲစတယ်။ ၁၅ ရာစုမှာ မျိုဆက်ပွါးပွဲတော်ကို ကျင်းပတေယ်။ စိုက်ပျိုးရေး နတ်ဘုရား လူပါကားလီယားကို ပူဇော်ကြတယ်။ အဲဒီနေ့မှာ ယောက်ျားတွေနဲ့ မိန်းမတွေကို ထီထိုးသလို မဲကျတဲ့သူချင်း လက်ထပ်ပေးရာကနေ ဗယ်လင်တိုင်းဒေးဖြစ်လာပါသတဲ့။

တတိယသီအိုရီကတော့ အေဒီ ၄ဝဝ ကျော်မှာ ပုပ်ရဟန်းမင်းကြီး ဂယ်လ်ဆီးယပစ်ကနေ ဖေဖေါ်ဝါရီ (၁၄) ရက်ကို စိန့် ဗယ်လင်တိုင်းဒေးအဖြစ် ကြေညာခဲ့တယ်။ တချို့ယူဆတာက ပုပ်ရဟန်းမင်းကြီးဟာ လူပါကဲလီးယား ပွဲတော်ကို တားမြစ်ပေမယ့် ခရစ်ယန်နေ့အားရက်အဖြစ်တော့ သတ်မှတ်လိုပါသတဲ့။

စတုတ္ထသီအိုရီကတော့ အလယ်ခေတ်ကတည်းကဖြစ်တယ်။ ပြင်သစ်နဲ့ အင်္ဂလန်မှာ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့မှာ ငှက်တွေ မိတ်လိုက်တဲ့နေ့ အစလို့ဆိုတယ်။ စိတ်ကူးယဉ်တဲ့နေ့လို့ဆိုပါတယ်။

အချုပ်ကတော့ ဗယ်လင်တိုင်းဒေးဟာ ဘယ်လိုဖြစ်လာခဲ့သလဲအမြင် မတူကြလို့ ဘယ်ဟာက အမှန်လို့ မပြောနိုင်ပါ။ ငြင်းလိုသူများ အဲဒီသီအိုရီထုတ်သူတွေကိုသာ သွားငြင်းကြပါ။ ကျွန်တော့်ကိုယ်ပိုင် တခုမှမပါကြောင်းပါ။

အမှန်က Saint Valentine's Day စိန့် ဗယ်လင်တိုင်းနေ့ပါ။ နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄) ရက်လို့သတ်မှတ်ထားတယ်။ ခရစ်ယန်ဘာသာ အစောပိုင်းက Saint Valentinus စိန့် ဗယ်လင်တီးနပ်စ်က စခဲ့တာပါ။

ခရစ်ယန်ဘာသာအစောပိုင်းကာလတွေမှာ ဘာသာရေးအာဇာနည်တွေကို ဗယ်လင်တိုင်းဘွဲ့ ပေးခဲ့ပါတယ်။ St. Valentine စိန့် ဗယ်လင်တိုင်းဟာ ခရစ်ယန်ဘာသာအတွက် ခေါင်းဖြတ် သတ်တာခံရတယ်။ ဖေဖေါ်ဝါရီ (၁၄) ဆိုတာက အဲဒါကနေ လာတာဖြစ်ပါတယ်။ Anglican Communion အင်ဂလီကန် နဲ့ Lutheran Church လူသာရင်ကျောင်းတွေကနေ ကျင်းပကြပါတယ်။ Eastern Orthodox Church အော်သိုဒေါက်စ် ကတော့ ဇူလိုင် ၆ နဲ့ ၃ဝ နေ့တွေမှာ ကျင်းပပါတယ်။

စိန့်ဗယ်လင်တိုင်းဟာ မြားနတ်မောင်ပုံလဲပါတဲ့ Amethyst ကျောက်လက်စွပ်ကို ဝတ်ဆင်ပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီလရဲ့ ရတနာဟာ အဲဒီခရမ်းရောင်ကျောက်လို့ သတ်မှတ်ကြပါတယ်။ ကပ်ပြားတွေ၊ ပန်းတွေ၊ ချောကလက်တွေ၊ လက်ဆောင်ပစ္စည်းတွေ ပို့ကြတဲ့ဓလေ့က ဗြိတိန်ကနေစတယ်။

နောက်ခံအကြောင်းကိုမသိပဲ ဖေဖေါ်ဝါရီ (၁၄) အတွက် အားခဲထားသူတွေသိဘို့က ဗယ်လင်တိုင်းဆိုတာ ချစ်တာလည်း ပါတယ်။ ဆေးကုတာလည်းပါတယ်။ ခရစ်ယန်အာဇာနည်ဖြစ်တယ်။ ဘုရင့်အမိန့်နဲ့ သေဒဏ်ကျခံရတာလည်းပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားလည်းဖြစ်ပါတယ်ခင်ဗျား။ ဖေဖေါ်ဝါရီလဟာ နှလုံးရောဂါ အသိပညာပေးလလည်း ဖြစ်ပါတယ်။

နှလုံးရောဂါကင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၀-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး