No Fear Shakespeare ရှိတ်စပီးယားကို မကြောက်ပါနဲ့
ကွန်မင့်တခုရတယ်။ ရှိတ်စပီးယားပြဇာတ်ကို နဝမတန်းမှာ သင်ရတယ်တဲ့ ကောင်းလိုက်တာ တဲ့။
နည်းနည်းတော့ ရှင်းပြရဦးမယ်။ ကျွန်တော်တို့ ကိုးတန်းမှာသင်ရတဲ့ ရှိတ်စပီးယားပြဇာတ်တွေက အတိုချုပ်ထားတာ။ စားလုံးတွေကိုလည်း လွယ်တာပြောင်းပေးထားတယ်။ ဇာတ်လမ်းကိုတော့ မပျက်စေပါ။ အဲတာက အရင်ခေတ်က မြန်မာပြည် အထက်တန်းကျောင်းမှာ သင်ပေးနည်း။
ကျွန်တော် ယူအက်စ်အေမှာ မြန်မာဘာသာပြန်ဆရာလုပ်နေရင်း သူတို့စာသင်နည်းကိုပါ လေ့လာတယ်။ ကျွန်တော်တို့ သင်ပေးရတာက အထက်တန်းအဆင့်၊ ၁၈ နှစ်အထက် လူကြီးကျောင်း။ နေ့ခင်းမှာ ပုံမှန် အထက်တန်း ကျောင်းသားတွေ သင်တဲ့ကျောင်းကို ငှားပြီးသုံးရတယ်။ နေ့ခင်းကျောင်းသားအခန်းထဲက စာအုပ်စင်က စာအုပ်တွေကို အချိန်ရရင် ကြည့်တယ်။ ရှိတ်စပီးယား ပြဇာတ်စာအုပ်လည်းပါလို့ လှန်လှောဖတ်ပါတယ်။ သူတို့သင်နည်းက တမျိုး။
မူရင်း ရှိတ်စပီးယားရေးထားတဲ့စာမျက်နှာတခုနဲ့ ကျောင်းသားတွေ အလွယ်ဖတ်နိုင်အောင် ပြုပြင်ရေးထားတဲ့ စာမျက်နှာ တခုစီကို မျက်နှာချင်းဆိုင် လုပ်ပေးထားတယ်။ ဂန္ထဝင်အင်္ဂလိပ်စာလည်း သိနိုင်စေတယ်။ ရှိတ်စပီးယား ရေးတာက ရှေးလည်းကျတယ်။ အလွန်မတန် ခန့်ထည်တယ်။ နားလည်ရခက်တယ်။ အခုထိ မရိုးနိုင်တဲ့အရေးအသား။
ပုံထဲပါစာအုပ်ဖြစ်ပါတာယ်။ စာအုပ်ဖုံးမှာ ရှိတ်စပီးယား ဖတ်ရမှာ မကြောက်ပါနဲ့တဲ့။
ရိုမီယို - ငါဘယ်သူဘယ်ဝါဆိုတာ မင့်ကိုဘယ်လိုနာမည် ပြောရမလဲမသိ။ ငါ့နာမည်ကိုငါ မုန်းတယ်။ ဘာလို့လည်းဆိုတော့ ဒီးယားစိန့်ဆိုတာ မင့်ရန်သူ မဟုတ်လား။ တကယ်လို့သာ ငါ အဲတာကိုချရေးမိရင် စာလုံးတွေကို ဆုတ်ဖြဲပစ်မိမှာပဲ။
ဂျူလိယက် - ကျမက ရှင်ပြောတာ စကားအလုံးတရာတောင်ပြည့်အောင် မကြားရသေးဘူး။ ဒါပေမဲ့ ရှင့်အသံနဲ့ ရှင့်လေသံကို ကောင်းကောင်းကျက်မိနေပြီ။ ရှင် ရိုမီယိုလား၊ မွန်တေဂူ မဟုတ်ပါဘူးနော်။
မြန်မာပြည်မှာ ဘာစာအုပ်ပြန်ထုတ်ထုတ် သတ်ပုံမှန်တွေကို လွဲအောင်ပြင်ပြီးမှ ပြန်ထုတ်ကြတယ်။ သူများ တိုင်းပြည်တွေမှာ ရှိတ်စပီးယားစာအုပ်တွေကို စပယ်လင်ပြင်မထုတ်ကြပါ။
ဂျူလိယက် - ကျမက ရှင်ပြောတာ စကားအလုံးတရာလို့ ရေးထားတာကို စမသတ်ရမနေနိုင်တဲ့စာရေးဆရာတွေ မြန်မာစာဆရာတွေက ပေါမှပေါ။ ကျွန်တော်တို့တိုင်းပြည်မှာက ရှိတ်စပီးယားထက် တော်သူတွေက များတာကိုး။
ဒေါက်တာတင့်ဆွေ
၁၆-၅-၂၀၂၀
Comments
Post a Comment