Smoked fish ငါးကျပ်တင်ခြောက်

ဖေ့စ်ဘွတ်မှာ ဟာတာတာမြန်မာစာတွေ ဖတ်နေရတယ်။

ဒီစာအုပ်လေးတွေပို့ပေးပါလို့ပြောတော့ ဆားမပါတဲ့ ငါးကျည်းခြောက်ပါ တွဲပြီးရောက်လာတယ်။ ကျေးဇူး။

ငါးကျပ်တင်ခြောက်မှာ ဆားမပါလို့ သွေးတိုးမတက်ချင်သူတွေပါ စားလို့ရတယ်။ ဗမာတွေ၊ ချင်းတွေ၊ ကသည်းခေါ် မဏိပူတွေ၊ ငါးကို ကျပ်တင်နည်း နည်းနည်းစီ မတူကြပါ။

ဖေ့စ်ဘွတ်မှာ ဆားအပိုပါတဲ့မြန်မာစာတွေ ဖတ်နေရတယ်။ မကြာမီ ငါးပုတ်ပြားရောက်လာစရာရှိတယ်။

ပညာရေးဝန်ကြီးဌာထုတ်စာအုပ်တွေမှာ အရသာမကောင်းတာတွေပါနေတယ်။ မြန်မာစာ အရသာကောင်းလာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၆
၁၁-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး