ခြေမှာစကား လက်ဖျားကဗျာ မျက်နှာဇာတ်လမ်း


ဓါတ်ပုံကို သားတယောက်က ကူးယူပြီး တင်တယ်။ ပုံထဲက မြို့မနဲ့ကနေသူအမည်ကို သိပ်သေချာပုံမရ ထည့်မရေးသေး။ သမီးက ဖြည့်ပေးတယ်။ မုံရွာက သူ့အကဆရာမတဲ့။ နောက်တယောက်က ထပ်ဖြည့်တယ်။ (ဒေါ်) ခင်ဝင်းနွယ်တဲ့။

နိုင်ငံရေးထဲမှာ အလွန်လေးစားတဲ့ ဆရာဦးဝင်းတင်က ခြေမှာစကား လက်ဖျားကဗျာ မျက်နှာဇာတ်သိမ်းဆိုတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်ထုတ်ခဲ့တယ်၊ ၁၉၇၂ ခုနှစ်ကလို့ ဆရာသန်းဝင်းလှိုင်ရေးတာကို မိုးမခမှာ ဖတ်ရတယ်။ စာရိုက်သူလားတော့ မသိပါ၊ ဦးဝင်းတင်အား ၁၉၈၉ ခုနှစ် ဇွန်လိုင်လ၄ ရက်နေ့ ဖမ်းစီးအချိန်မှစ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်း၌ ထားရှိ၍လို့ဖြစ်နေတယ်။ ဖမ်းဆီးသတ်ပုံ မှားနေတယ်။

ဟံသာဝတီဦးဝင်းတင်က ခြေမှာ စကား လက်ဖျား ကဗျာ မျက်နှာ ဇာတ်လမ်းစာအုပ်ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာစာဆရာ ဘုတလင်ချစ်လေးရေးတဲ့ ကခြေသည်နှင့် အခြားကဗျာများစာအုပ်က အမျိုးသားစာပေဆုရတယ်။

ကျွန်တော်တို့စာသင်တဲ့ခေတ်မှာ အကကောင်းသူတွေလည်းရှိခဲ့တယ်။ စာရေးကောင်းသူတွေလည်းရှိခဲ့တယ်။ စာရေးဆရာတွေ ကဗျာဆရာတွေကလည်း သတ်ပုံမှန်ကြတယ်။ အခုတော့ လက်ဖျားသတ်ပုံတွေ မမှန်သူက များတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂၀၁၉
၃-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး