Male breast cancer ယောက်ျားရင်သားကင်ဆာ

၁။ မင်္ဂလာပါဆရာရှင့် ကျွန်မအမျိုးသား အသက်လေးဆယ်ရဲ့နို့ထိပ်ထဲကနေအဖြူဆံလေးထွက်လာလို့ ညစ်ကြည့်တာ သွေးထွက်လာတယ်ဆရာ အဲဒါစိတ်ပူရလားဆရာရှင့်။ ယောက်ျားလေးတွေမှာရော နို့ကင်ဆာဖြစ်တတ်ပါလားဆရာ။ အမှားပါရင်ခွင့်လွတ်ပေးပါဆရာ ကျေးဇူးတင်ပါတယ်ရှင်။ ဆရာရေးထားတာလေးရှိရင်ဖတ်ချင်ပါတယ်ဆရာ။

၂။ ဆရာ ယောက်ျားလေးမှာ ရင်သားကင်ဆာ ဖြစ်တက် (ဖြစ်တတ်) လား ခင်ဗျ။ ကျနော် နို့သီးခေါင်းမှာ အဆီကျိတ်လို ဖြစ်ပြီး နာနေတာ တလလောက်ရှိ့ပြီမို့ပါ။ ကျနော် အသက် ၂၆ ပါဆရာ။ လေးစားစွာဖြင့်

ယောက်ျားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်။ မေးတဲ့သူတွေတော့ စမ်းသပ် စစ်ဆေးမှသာ ဟုတ် မဟုတ်သိမယ်။

ယောက်ျားရင်သားကင်ဆာဖြစ်တာ ရှားတယ်။ မဖြစ်နိုင်တာတော့ မဟုတ်။ အသက်အရွယ်မရွေးလို့ ပြောနိုင်ပေမဲ့ အသက်ကြီးမှာဖြစ်တာများတယ်။ စောစောသိရင် ပျောက်နိုင်တယ်။ ခွဲစိတ်နည်း၊ ခီမိုဆေးပေးနည်းနဲ့ ဓါတ်ကင်နည်းတွေ လုပ်တယ်။

အသက်ကြီးသူ၊ Estrogen ဟော်မုန်းဆေးသုံးရသူ၊ မိသားစုရာဇဝင်ရှိသူ၊ Klinefelter's syndrome ခေါ် မျိုးဗီဇရောဂါ ရှိသူ၊ အသည်းရောဂါရှိသူ၊ အဝလွန်သူ၊ ကျားအစိရောဂါရှိသူတွေမှာ ဖြစ်နိုင်တယ်။

မေးခွန်းတွေကို ဓမ္မဒိဋ္ဌာန်ကျကျသာ ဖြေပါတယ်။ ဖြစ်နိုင်သလားမေးရင် ဖြစ်နိုင်တယ်နဲ့ မဖြစ်နိုင်ဘူးသာ ဖြေတယ်။ တချို့က ဖြစ်နေတာကို ဖြစ်တတ်သလားသာမေးကြတယ်။ မေးစရာမလိုတာ။ ကုသနည်း မမေးတော့ မဖြေပါ။

စိုးရိမ်ရသလားသာမေးကြတယ်။ ကုသနည်းနဲ့ ကာကွယ်နည်း မမေးကြပါ။ မေးတဲ့သူရဲ့ စိုးရိမ်ရမှတ် မသိပါ။

ဘယ်လိုလုပ်ကမလဲ မေးရင်လည်း မဖြေတတ်ပါ။ ကျွန်တော်က ပန်တျာကျောင်းဆင်း မဟုတ်။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂၀၁၈
၁၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး