Swimming Pool Infections ရေကူးကန်

၁။ ဒေါက်တာရှင့် ဒီအချိန် March လအတွင်းမှာ ၆ နှစ်ကလေးတွေကို ရေကူးသင်တန်း ပို့သင့်ပါလားရှင် ခုဖြစ်ပွား နေတာ whonhan virus ကြောင့်မေးတာပါရှင် မြန်မာပြည်မှာပါ မိသားစုတွေ အငြင်းပွားနေကြလို့ပါ ရေကူးကန်ထဲမှာထည့်တဲ့ Calories က ရောဂါ ပိုးကို ကာကွယ်နိုင်ပါလားရှင်

Wuhan လို့ရေးရတယ်။ Chlorine လို့ရေးရတယ်။

မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ် တရားဝင်မတွေ့သေး။ ကာကွယ်နည်းစာ ခဏခဏတင်ထားတယ်။ သောက်ရေ သုံးရေတွေမှာ ကလိုရင်းဓါတ်ကို အနေတော်ထည့်သုံးကြပါတယ်။

၂။ မင်္ဂလာပါရှင် အမျိုးသမီးပါ။ အသက် ၃၈နှစ်၊ ရေကူးအားကစားလုပ်ဖို့ အဓိက ကာကွယ်ဆေး ဘယ်နှစ်မျိုး ထိုးသင့်ပါသလဲဆရာ ရေကူးကန်ထဲရေကူးခြင်းက ရောဂါပိုးကူးစက်တတ်ပါလားရှင်။ ကျေးဇူးပြု၍ ပြောပြပေးပါ ဆရာ။

ရေအပေါ်မူတည်။ အတူကူးနေသူတွေအပေါ်မူတည်။ ဘယ်တိုင်းပြည် ဘယ်မြို့က ဘယ်လိုရေကူးကန်မှာ ကူးမလဲ လိုသေးတယ်။ ယူအက်စ်အေက ဆေးပညာသတင်းကိုသာ ကိုးကားပါမယ်။ ရေကူးကန်ကရေထဲမှာ ပိုးတွေပါနေနိုင်တယ်။

1. Cryptosporidium ပိုး၊
2. Giardiasis ပိုး၊
3. Shigellosis ပိုး၊
4. Norovirus ပိုး၊
5. E. coli နဲ့
6. Legionella ပိုးတွေဖြစ်တယ်။

ပိုးကူးစက်ခံရရင် ဝမ်းပျက်မယ်။ ဆီးလမ်းပိုးဝင်မယ်။ အရေပြား အနီဖုလေးတွေဖြစ်မယ်။ အသက်ရှူလမ်းပိုးဝင်မယ်။ နားထဲပိုးဝင်မယ်။

Chlorine ဆေး စနစ်တကျခပ်ထားရင် ပိုးတွေကို သေစေမယ်။ Chlorine ခပ်ထားတဲ့ရေကို အတော်ကြာကြာ သုံးရင်လည်း သတိထားရမယ်။

အင်တာနက်မှာ ရေကူးရာကနေ အမျိုးသမီး ၁၂ ယောက်ကိုယ်ဝန်ရကြတယ်လို့ရေးတာ မှားတယ်။ ရေကူးကန်ကနေ HIV ကူးတာလို့ရေးတာ မှားတယ်။ ရေကူးလို့ ရေယုံလည်း မကူးပါ။ မြန်မာပြည်မှာ အဲလိုသတင်းဆိုတယောက်ပြီးတယောက်  ဖြန့်ကြတယ်။ အမှားအလွဲကို သိသူ သဘောကျသူတွေက အစစ်အမှန်ကို မေ့ကြ မသိကြပါ။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၉
၁၂-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး