သတ်ပုံ သမိုင်း

တမြန်နှစ်က ဒီနေ့မှာ ဘုန်းကြီးတပါးက သတ်ပုံစာတခုအောက်မှာ ကွန်မင့်ရေးတယ်။ ပရိုဖိုင်းဘွဲ့ကို မထည့်တော့ပါ။

Comment တော့ ရေးချင်သားဗျ။ ဟိုနေ့က သမတ နှင့် သမ္မတ လိုပုံစံဖြစ်နေတာ။ ဆရာကြီးမှာ စစ်အစိုးရဆိုတဲ့ အစွဲကြီးရှိနေတော့ ရေးရမှာ ဥုးပဉ္စင်းအနေနဲ့ အားနာတယ်။

တင်ပါ့ စစ်အစိုးရကို မေ့လိုက်တော့လို့ ခိုင်းတာလားတော့ မသိပါဘုရား။

မြန်မာစာသမိုင်း သံခိပ်အတိုစာလေး ရေးပါရစေ။

၁။ မြစေတီကျောက်စာက ပုဂံခေတ်၊
၂။ ပေလေးပင်ရှင်လေးပါးက အင်းဝခေတ်၊
၃။ ကုသိုလ်တော်ဘုရား ကျောက်စာတွေက ကုန်းဘောင်ခေတ်၊
၎။ မြန်မာ့စွယ်စုံကျမ်းတွေနဲ့ ဆဋ္ဌသံဂါယနာတင် ပါဠိမြန်မာပြန်တွေ ပြုစုထုတ်ဝေခဲ့တာက ဖဆပလ ခေတ်၊
၅။ တသတ်ပုံတွေကို တစ်လို့ပြင်စေတာက ၁၉၈၁ ကစတော့ မဆလ ခေတ်နဲ့
၆။ အသစ်ပြင်လိုက်တဲ့သတ်ပုံမဟုတ်ရင် ထုတ်ဝေခွင့်မရတာကတော့ နဝတ ခေတ်ဖြစ်ပါတယ်။

ကျွန်တော် တခေတ်တည်းတော့ မစွဲပါ။ အဲဒီခေတ် ၆ ခေတ်ကို ဉာဏ်ထဲမှာ မှတ်စွဲထားကြောင်းပါ။ သမိုင်းဆိုတာ အမြီးဖြတ် ခေါင်းဖြတ် မဖတ်ရပါ။

ဒေါက်တာတင့်ဆွေ
၁၀-၈-၂ဝ၁၆
၁၀-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး