Estrogen အီစထိုဂျင်ဆိုတာ

(ကန်တော့)

၁။ ဆရာရှင့် အခု fb page ရဲ့ တချို့ Aesthetic center တွေမှာ hormone injection ထိုးရုံနဲ့ ရင်နဲ့ တင် ကြီးအောင် ထိုးတာဆိုပြီး ကြေညာကြပါတယ် အဲ့လိုဆေးထိုးတာရဲ့ အလုပ်လုပ်ပုံနဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိချင်ပါတယ် American brand hormone injection ၁၀ ကြိမ်ထိုးရမယ် ဆိုတာကလွဲရင် တစ်ခြားဘာမှ မပြောထားပါဘူး  ကိုယ်ဝန်တားဆေးတွေထိုးသလိုမျိုးနဲ့ တူပါသလားရှင်

၂။ မင်္ဂလာပါဆရာရှင့် သမီးက မိန်းမဟော်မုန်းနည်းလို့ estrogen နဲ့ multivitamins တွေကို ဆေးခန်းမှာ ထိုးထားပါတယ် ဆရာမက ပြောတယ် menstration က ပုံမှန်မဖြစ်ဘူး ခလေးလဲ ဆေးပတ်ပြည့်လို့ ၁နှစ်လောက်မှရမယ်ပြောပါတယ် ခုက menstration မမှန်တော့ စိတ်ရှုပ်သလိုလို တွေဖြစ်တယ် ရာသီလာရင်လဲ နည်းနည်းလေးပေါ့နော် အဲ့တာ side effect ဘယ်လိုတွေများရှိနိုင်သလဲလို့ ပြီးတော့ အဲ့ဆေးတွေကြောင့် ကလေးမရတာမျိုးတို့ ဖြစ်တတ်လားလို့ပါ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂၅နှစ် မ။ Estrogens + multivitamins ထိုးထား ၁.၉.၂၀၁၇  ရာသီမလာ လာရင်နည်း အဲ့ဆေးကြောင့် ကလေးရနိုင် မရနိုင် Estrogens ဆေးတွေရဲ့side effect ကျေးဇူးတင်ပါတယ်

Estrogen အီစထိုဂျင်ဆိုတာ ဟော်မုန်း လိုသူတွေကို သတိထားပေးတယ်။ ဆေးအလေးချိန် မသိ။ ဟော်မုန်း ၂ မျိုးတွဲပါတဲ့ တားဆေးတွေထဲမှာ ပါတယ်။ သွေးဆုံးသူတွေနဲ့ တချို့ကင်ဆာအတွက်ပေးတယ်။ ကလေးရ မရဆိုတာ သိစရာတွေ အများကြီးရှိတယ်။ စာခဏခဏတင်ထားတယ်။ ကျန်တဲ့ဆေးက ဗီတာမင်။ လိုသူတွေကို ပေးတယ်။

ကျေးဇူးတင်ပါတယ်ရှင့် တခါထိုးရင် ၂လုံး တလတခါ နည်း ရက်၂ဝခြားစီ ၄ကြိမ် ထိုးခဲ့ပါတယ် တကယ်လို့ သူ့ရဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးများရှိရင် သိပါရစေ ရှင့် ဥပမာ-အသားခြောက် တာမျိုး ဝက်ခြံထွက်တာမျိုး

ခုလိုစိတ်ရှည်စွာ ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ဟိုနေ့က မေးထားတဲ့ အဆက်ကို ထပ်မေးခွင့်ပြုပါ သမီးက အီစထရိုဂျင် ထိုးပီး ဘော်ဒီဝိတ်တက်လာ ရာသီမလာဖြစ်လာပါတယ် ဒါနဲ့အဲ့ဆေး အရှိန်ပျောက်အောင် ရာသီပြန်လာအောင် ဘယ်လိုလုပ်ရမလဲမေးခဲ့ပါတယ် ဒါနဲ့ ဆရာကသမီးကို Panorit ကို ည ၁လုံး မနက် ၁ လုံး သောက်ခိုင်းပါတယ် Panorit က emergency တားဆေးလို့ သိထားပါတယ် သမီးက နောက်နှစ်လောက် ကလေး ယူချင်တာကြောင့် အဲ့ panorit ဆေး သောက်သင့် မသောက်သင့် သူ့ကိုသောက်လိုက်တာနဲ့ အရင်ထိုးခဲ့တဲ့ အီစထရိုဂျင်ဆေး အရှိန်တွေ ပျောက်သွားမသွားသိချင်ပါတယ်ဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့် အကယ်၍ panorit မသောက်ပဲ အီစထရိုဂျင်ဓာတ်ကိုပျောက်စေမယ့်နည်းရှိရင် ညွှန်ကြားပေးပါရှင့် အကယ်၍ အီစထရိုဂျင်ထိုးထားလို့ ရာသီမလာတာက အန္တရာယ် ရနိုင်လားဆရာ ဘာအန္တရာယ်မှမရှိဘူးဆိုရင်တော့ သူ့ဘာသာဆေးရှိန် လျော့ချိန်လာတာကိုပဲ စောင့်လိုက်ပါ့မယ်

အရင်မေးတာတွေကိုပါ ပြန်ဖတ်တယ်။ အိမ်ထောင်ရေး ထည့်မမေးပါ။ ဆေးတွေကို အိုဂျီကပေးတာလား မသိပါ။ အဲလိုဆေးမျိုးကို လူနာရဲ့ အချက်အလက်စုံ မသိရဘဲ မဖြေအပ်ပါ။

Penorit ဆေးဆိုတာဘာလဲ https://doctortintswe.blogspot.com/2014/11/penorit.html

အိုဂျီမဟုတ်ပါဘူးရှင့် အဲ့လိုအလှအပနဲ့ပတ်သက်တဲ့ဆေးခန်းပါ အဲ့ဆေးမျိုးကထိုးပြီးရင် အရှိန်ပြေတဲ့ချိန် နဂိုအတိုင်း ပြန်ဖြစ်နိုင်လားရှင့် ဒီလိုပဲ permanent result ဖြစ်သွားမှာလားလို့ပါ

အခုထိ အိမ်ထောင်ရေးမပြောပါ။ အဲလိုကြော်ငြာဆေးတွေရေးရတိုင်း စီးပွါးရေးလုပ်ကြသူတွေကို တကယ်အားနာပါတယ်။ ဆေးခန်းအမည်ကို အားနာလို့ ဖျက်လိုက်ပါတယ်။ သတ်ပုံတွေ ပြင်လိုက်တယ်။

ယောက်ျားဟော်မုန်း၊ မိန်းမဟော်မုန်းဆေးတွေကို အထူးကုဆရာဝန်ညွှန်မှသာ သင့်ကြောင်း အကြိမ်ပေါင်းများစွာ ရေးပါတယ်။ တချို့အပြောင်းအလဲတွေက ဟော်မုန်းညီမျှချိန်မှာ ပြန်မှန်လာနိုင်ပြီး တချို့ဟာတွေက ရင်းစားပြန်မရပါ။

စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်က သူ့လူနာအခြေအနေကို ပိုသိပါမယ်။ အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့ အလွယ်ပြောကြတယ်။ ဆေးအမည်က အမျိုးမျိုးရှိတယ်။ ဥပမာ Estrace (estradiol) ဆေး။ အီစထိုဂျင်ဟော်မုန်းဟာ အမျိုးသမီးနဲ့တူတန်စေအာင် မရှိမဖြစ်အသုံးကျတယ်။ ရာသီဖြစ်စဉ်မှာ ပြောင်းလဲနေတယ်။ မျိုးပွါးဖို့ရာ လိုအပ်တယ်။ မျိုးဥအိမ်တွေကနေ အပျိုဖြစ်ကတည်းက သွေးဆုံးတဲ့အထိ အဓိကထုတ်ပေးနေတယ်။ ယောက်ျားတွေမှာလည်း နည်းနည်းရှိနေကြတယ်။

သွေးဆုံးသူတွေနဲ့ မျိုးဥအိမ်ထုတ်ထားရသူတွေကို HRT ခေါ် ဟော်မုန်းအစားထိုးနည်း ပေးရတယ်။ အဲဒီဟော်မုန်း မလုံလောက်ရင် မျက်နှာနီမြန်း၊ ဗဂျိုင်းနားခြောက်၊ ပူလောင်၊ ယား၊ အတူနေစဉ်နာ၊ အိပ်ရတာအဆင်မပြေ၊ စိုးရိမ်စိတ်ကဲ၊ စိတ်မူပြောင်း၊ အတူနေလိုစိတ်နည်းတာတွေဖြစ်မယ်။

Estrace ဆေးကို 2 to 4 g ပေးလေ့ရှိတယ်။ ၁-၂ ပတ်ကြာနောက်မှာ လျှော့ပေးမယ်။ 1 g ကို တပတ်မှာ ၁-၃ ကြိမ်နဲ့ ထိန်းထားမယ်။ ထိုးဆေးရှိတယ်။ စာဆေးရှိတယ်။ ဗဂျိုင်းနားထဲထည့်ဆေးနဲ့ ဆေးကပ်ခွါလည်းရှိတယ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ ပျို့ချင်၊ အန်ချင်၊ ရင်ပြည့်၊ ဗိုက်အောင့်၊ အစာမကျေ၊ ရင်သား နာ-တင်း-ကြီး၊ ခေါင်းကိုက်၊ ကိုယ်အလေးချိန်ပြောင်းလဲ၊ မျက်နှာအရေပြားအရောင်ပြောင်း၊ ဆံပင်ကျွတ်၊ ဗဂျိုင်းနားယား၊ တခုခုဆင်း၊ ရာသီမမှန်။ ဒီဆေးက သွေးကျဲဆေး၊ ဆီးချိုဆေးတွေ၊ လည်ပင်းကြီးဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။

ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တာဆေးထဲမှာ 20 to 50 mcg ပါတယ်။ အသက်မငယ်တော့တဲ့ အမျိုးသမီးတွေ သတိထား သောက်ရမယ်။ အဲဒီဟော်မုန်းမပါတာ ရွေးသင့်ကြတယ်။

အီစထိုဂျင်ဟာ ကယ်လ်စီယန်၊ ဗီတာမင်ဒီနဲ့ တခြားဓါတ်တွေနဲ့တွဲပြီး အရိုးတည်ဆောက်ပေးတယ်။ ဟော်မုန်းနည်းသူတွေ အရိုးအားနည်းကြတယ်။ အရွယ်ကြီးအမျိုးသမီးတွေ အရိုးကျိုးတာများတယ်။ အစားအသောက်တွေကနေ အီစထိုဂျင် ရနေတယ်။ ပဲပုပ်ထဲမှာပါလို့ အရွယ်မငယ်တဲ့အမျိုးသမီးတွေ ပဲပုတ်နဲ့လုပ်တဲ့အစားအသောက်တွေကို စားသုံးသင့်တယ်။

Estrogen အီစထိုဂျင် ဟော်မုန်း https://doctortintswe.blogspot.com/2018/01/estrogen.html

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၈
၁၁-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး