Life ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ

ဒီနေ့ဆရာပို့စ်တခုဖတ်ရတာ စိတ်မကောင်းဘူး ကျားမခွဲခြားတဲ့ပို့စ်ပါ။ မြန်မာပြည်က ဆရာဝန်တွေနဲ့ဘဲ အဲ့လိုလူတွေက တန်တယ် ကလေးဆီးသွားတဲ့အကြောင်းဆရာကိုမေးတယ်ဆရာချက်ချင်းပြန်ဖြေတယ်ဆေးခန်းပြတိုင်းမေးဖို့ကြိုးစားတယ် တခါမှမေးလို့မရခဲ့ဘူး မေးတာဘဲဖြေပါတဲ့ ခုဖြစ်တဲ့ရောဂါအကြောင်းဘဲပြောပါတဲ့ သူတို့ဆီတခါပြရင် ၄၀၀၀၀ လောက် ကုန်တယ်ဆရာ လူနာမှာဖြစ်တာအားလုံးပြောခွင့်မရှိဘူးလား စာရှည်သွားလို့ ခွင့်လွှတ်ပါဆရာ ကျန်းမာအသက်ရှည်ပါစေ

ဟုတ်။

မနေ့က တယောက် တတ်ကောတတ်ရဲ့လား၊ တတ်ယောင်ကားလားလို့ ပြောတာခံရတယ်။ တက် နဲ့ တတ် သတ်ပုံကတော့ မှားတယ်။

မနေ့ကပဲ ချီးမွမ်းစာတခုလည်းရပါတယ်။ လောကကြီးမှာ သည်လိုပါပဲ။ ကျား-မ ခွဲသလားက အရင်နှစ်က တရက်တည်းမှာရတာ။

ကျား-မ ခွဲသလာကတော့ ဖေ့စ်ဘွတ်ပြဿနာ။ ဖရင်းမဖြစ်သေးသူတွေကစာရေးတိုင်း ဖစ်လ်တာမက်ဆေ့ခ်ျထဲ ရောက်နေတာကို စာလက်ခံသူက မသိလို့။

တတ်ယောင်ကားလားကလည်း ဖုန်းနဲ့ မြန်မာဖေါင့်ပြဿနာ။ ဖေါင့်မတူတာနဲ့ ယူနီကုဒ်ကြောင့်။ အဖြေစာ လင့်တွေကို မဖွင့်တတ်။ ဖွင့်နိုင်အောင်လည်း မကြိုးစား။ လင့်ပို့ပေးသူကိုသာ အပြစ်ပုံချတယ်။

ကိုယ်ကမှန်နေလည်း အပြစ်တင်ခံရတာ လူတိုင်းကြုံကြရတယ်။ ကျွန်တော်က အသက်ကြီးသူဖြစ်တော့ မကြာခဏ ကြုံခဲ့ရပြီးပြီ။ တချို့အဖြစ်တွေက အတော်ကို ဆိုးဝါးတယ်။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး