UN mission exposes Myanmar military-business ties

ကုလမစ်ရှင်က မြန်မာစစ်တပ်ရဲ့စီးပွါးရေး အဆက်အစပ်တွေကို ဖေါ်ထုတ်လိုက်

၁၂-၈-၂၀၁၉ နေ့စွဲပါသတင်းဖြစ်ပါတယ်။ ၅-၈-၂၀၁၉ နေ့ကဂျနီဗာမှာ ထုတ်တဲ့ စာမျက်နှာ ၁၁၁ ပါတဲ့အစီရင်ခံစာက မြန်မာစစ်တပ်ကို ပစ်မှတ်ထားချမှတ်တဲ့ ဆန်ရှင်နဲ့ လက်နက်မရောင်းဖို့  တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က အဲလို ပြည်တွင်း အင်ပါယာနဲ့ နိုင်ငံတကာ စီးပွါးရေးကွန်ရက်ကြီးကနေ ရနေတဲ့ အကျိုးအမြတ်တွေကြောင့် တိုင်းပြည်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကျူးလွန်နေတယ်လို့ပါ စွဲဆိုထားပါတယ်။

ဒီလိုအစီရင်ခံစာမျိုး ပဌမဆုံးထွက်လာတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေနဲ့ နိုင်ငံခြားကနေ လက်နက်ဝယ်ယူမှုတွေကနေ နိုင်ငံတကာဥပဒေချိုးဖေါက်ခြင်းနဲ့ ပြည်တွင်းစစ်ဆင်ရေးတွေမှာ ရာဇဝတ်မှုမြောက်ခြင်းတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေကို အရပ်သားအစိုးရက ကြည့်ရှုစစ်ဆေးခွင်လည်း မရှိပါ။ အဲဒီလို လုပ်နေတဲ့ကုမ္ပဏီတွေကို ကုလလုံခြုံရေးကောင်စီက ပစ်မှတ်ထားချမှတ်တဲ့ ဆန်ရှင် အမြန်ချမှတ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။ ဆက်စပ်နေတဲ့ စီးပွါးရေးလုပ်ငန်တွေနဲ့ ပွဲစားတွေကိုပါ မြန်မာစစ်တပ်ရဲ့စီးပွါးရေးလုပ်ငန်းတွေနဲ့ အဆက်ဖြတ်ပါရန် တောင်းဆိုပါတယ်။

အဲလိုဆက်စပ်ပြီး စီးပွါးဖက်လုပ်နေကြတာ တိုင်းပြည်ပေါင်း ၇ ခုနဲ့ နိုင်ငံခြားကုမဏီပေါင်း ၁၄ ခုရှိတယ်။ ၂၀၁၆ ခုနှစ်ကစပြီး  ဂျက်တိုက်လေယာဉ်တွေ၊ စစ်သုံးယာဉ်တွေ၊ ဒုံးကျည်တွေရောင်းဝယ်နေကြတယ်။

မြန်မာစစ်တပ် ထပ်တန်းခေါင်းဆောင်တွေပိုင်ဆိုင်တာက Myanmar Economic Holdings Limited (MEHL) နဲ့ စီးပွါးရေးလုပ်ငန်းပေါင်း အနည်းဆုံး ၁၂၀ ကိုလုပ်ကိုင်နေတဲ့ Myanmar Economic Corporation (MEC) တွေဖြစ်တယ်။ လက်ကောက်ခံ စီးပွါးရေးလုပ်ငန်းပေါင်းက ၂၆ ခုရှိတယ်။ ဗခမက မင်းအောင်လှိုင်နဲ့ ဒဗခမက စိုးဝင်းတို့က အဓိက အကျိုးအမြတ်တွေ ရနေသူတွေဖြစ်တယ်။

အစီရင်ခံစာထဲမှာ ကုမဏီနဲ့ အဖွဲ့အစည်းပေါင်း ၄၅ ခုကနေ ၂၀၁၇ အစပိုင်း ရခိုင်ပြည်နယ်တိုက်ပွဲတွေကတည်းက အလှူငွေ ဒေါ်လာ ၁၀ သန်း ထည့်ဝင်ပေးခဲ့ကြတယ်လို့ပါသေးတယ်။ ခရိုနီလိုခေါ်တဲ့စီးပွးရေးလုပ်ငန်းတေံကလည်း အဲလိုငွေထည့်ဝင်သေးတယ်။K BZ Group နဲ့ Max Myanmar အမည်တွေပါတယ်။ နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး ၁၅ ခုတို့ဟာ မြန်မာစစ်တပ်နဲ့ စီးပွးရေးတွဲလုပ်နေကြတယ်။ နောက်ထပ် ၄၄ ခုတို့က ဆက်စပ်လုပ်ကိုင်နေကြတယ်။

ကုလကထုတ်တာဖြစ်လို့ ရိုဟင်ဂျာအမည်လည်းပါတယ်။ အမှန်ကတော့ စစ်တပ်ဟာ ရခိုင်စစ်ဆင်ရေးမတီုင်မီ ဟိုအစောကြီးကတည်းက အဲလိုစီးပွါးရေးတွေ လုပ်နေတာပါ။

UMEHL ခေါ် UMEH ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ကို ၁၉၉၀ ဖေဖေါ်ဝါရီလမှာ အထူးကုမ္ပဏီ အက်ဥပဒေလုပ်ပြီး တည်ထောင်ထားတယ်။ ပဏာမရင်းနှီးမြှုပ်နှံငွေ $1.6 ဘီလီယန်ဒေါ်လာရှိတယ်။ ၁၉၉၅ ကစပြီး အမြတ်ငွေတွေကို စစ်တပ်၊ အမှုထမ်းဆဲ စစ်သည်တွေနဲ့ စစ်ပြန်တွေကိုခွဲပေးနေတာယ်။

Directorate of Defence Procurement စစ်လက်နက်ဝယ်ယူရေးက ၆၀% နဲ့ နဝတ အဆင့်မြင့်စစ်အရာရှိတွေက ကျန်တာကို ပိုင်တယ်။ အခွန်ကင်းလွတ်ခွင့်ပေးထားတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုက သူတို့နဲ့သာ တွဲလုပ်ကြရတယ်။

ဦးပိုင်ရဲ့လုပ်ငန်းများ စာရင်းရှည်ကြီးထဲက အစိတ်အပိုင်းတခုသာ တင်ပြပါမယ်။
• Bandula Transportation ဗန္ဓုလပို့ဆောင်ရေးလုပ်ငန်း၊
• Parami Bus ပါရမီဘတ်စ်ကားလိုင်း၊
• Myawaddy Trading မြဝတီထရိတ်ဒင်း၊
• Five Stars Ship Company ကြယ်ငါးပွင့်ကုမ္ပဏီ၊
• Myawaddy Bank မြဝတီဘဏ်၊
• Virginia Tobacco Company Limited ဗာဂျီးနီးယားဆေးကုမ္ပဏီလီမိတက်၊
• Myawaddy Tours & Travel မြဝတီ ခရီးသွားလုပ်ငန်း၊
• Myawaddy Enterprises Group မြဝတီ အင်တာပရိုက်စ်အုပ်စု၊
• Pyininbin Industrial Park စက်မှုပန်းခြံ၊
• အထည်လုပ်ငန်း၊
• ကျောက်စိမ်းလုပ်ငန်း၊
• ပတ္တမြားနဲ့ နီလာလုပ်ငန်း၊
• ဧက ၅ သောင်းကျယ်တဲ့ သီလဝါအထူးစီးပွါးရေးဇုံနဲ့ မြဝတီဘဏ်ကိုလည်းပိုင်တယ်။

Myanmar Brewery Limited (MBL) မြန်မာ့အရက်ချက်လုပ်ငန်းရဲ့ ၄ဝ% ပိုင်တယ်။ စင်္ကာပူ Fraser and Neave Ltd က ၆ဝ% ပိုင်တယ်။ ၁၅ နှစ်စာချုပ်ဖြစ်ပြီး ထိုင်း Charoen Sirivadhanabhakdi ကဆက်ပိုင်တယ်။ Tiger Beer ဘီယာ၊ Myanmar Beer မြန်မာဘီယာ၊ ABC stout and Anchor Beer ဘီယာတွေထုတ်လုပ်တယ်။ မကြာသေးခင်က ဒေါ်လာ ၂၄၆ သန်းတန်တဲ့ဘီယာဈေးကွက်ကြီးရဲ့ ၅၅% ပိုင်ဘို့ရာ UMEH ဦးပိုင်ကလုပ်လာတယ်။ Fraser and Neave နဲ့ အတိုက်အခံဖြစ်ခဲ့တယ်။

အခုရက်မှာပဲ ဘယ်လ်ဂျီယန်ကုမ္ပဏီတခုက လက်တွဲ ဖြုတ်လိုက်တဲ့သတင်းလည်း ဖတ်ရတယ်။ ၂၀၁၂ ခု မေလမှာ အမေရိကန်က ဆန်ရှင်ချမှတ်ထားတယ်။

စစ်တပ်စီးပွါးရေးလုပ်သန်းတွေအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ ဘယ်ကနေရသလဲ။ အခွန်ကင်းလွတ်ခွင့် ဘာကြောင့် ရယူထားသလဲနဲ့ စာရင်းစစ်ဆေးခွင့်မရှိခြင်းဆို့ဟာ တရားမျှတမှုရှိပါသလား။ ကုလနဲ့ နိုင်ငံတကာကသာ ဆန်ရှင် လုပ်တယ်။ လွှတ်တော်နဲ့ ပြည်သူပြည်သားတွေမှာကော ဆန်ရှင်လုပ်ခွင့် မရှိဘူးလား။ အရပ်သားတွေခံကြရတဲ့ လေဘေး၊ ရေဘေး၊ မီးဘေးတွေအတွက် အလှူငွေတပြားတချပ်ထည့်ပါသလားလည်း မေးချင်တယ်။

1. UMEH ဦးပိုင်လီမိတက် https://doctortintswe.blogspot.com/2016/01/umeh.html
2. UMEH ဦးပိုင်လီမိတက် အပိုင်း (၂) https://doctortintswe.blogspot.com/2016/01/umeh_18.html
3. ပြည်ထောင်စုမြန်မာနိုင်ငံ ဦးပိုင်လီမိတက် (၃) https://doctortintswe.blogspot.com/2015/02/blog-post_92.html

ကျွန်တော်ရေးတာ မပြည့်စုံသေးပါ။ သိလေလေ ကြောက်ခမန်းလိလိဖြစ်လေလေ။ မတော်လောဘ။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး