ပိတ် ပိမ့်


အသက် ၂၉ နှစ် အိမ်ထောင်ရှိ အမျိုးသမီးတယောက်က့ မှာ အပိတ်လေးတွေ ပေါက်နေပါတယ် (ကန်တော့ပါ) လို့ မေးတယ်။ ရေယုံနဲ့ တူသလား ကြွက်နို့နဲ့ တူသလား၊ အနာနဲ့ တူသလားလို့ ပြန်မေးတော့ ကြွက်နို့ နဲ့ တူပါတယ်ဆရာ။ အပိတ်ကကြွက်နို့ လောက်တော့ မကြီးဘူးလို့ ပြန်ဖြေတယ်။

အပိတ်လို့ရေးတာ မှားနေတယ်။ ကျွန်တော်လည်း တချို့စာတွေမှာ အပိန့်လို့သာ ရေးထားတယ်။ မှားတယ်။ ဆောရီး။ အပိမ့်လို့ ရေးရတယ်။

ပိတ်
ပိတ်ချင်းပင်
ပိတ်ချုပ်
ပိတ်စပိတ်ထည်
ပိတ်စိမ်းပါး
ပိတ်စွယ်ပင်
ပိတ်ဆို့သည်
ပိတ်တကျည်ပင်
ပိတ်တွန့်
ချုံနွယ်ပိတ်ပေါင်း
ပိတ်ပိတ်သား
ပိတ်ဖုံးသည်
ပိတ်သင်းခတ်ပင်
ပိတ်အုပ်
သားအိမ်ပြွန်ပိတ်ရောဂါ
တဖက်ပိတ်ပြွန်
နှလုံးသွေးကြောပိတ်ရောဂါ
မျက်စိတ်ပိတ် နားပိတ်
နှာခေါင်းပိတ်

စစ်အစိုးရလက်ထက်ထုတ် သတ်ပုံစာအုပ်မှာ ပိမ့် = အနည်းငယ်ချိုင့်ဝင်သောလို့ ရေးတယ်။ အရင်ထုတ်သတ်ပုံစာအုပ်မှာ အဖုအပိမ့်လို့ ရေးတယ်။ ပြောင်းပြန်လိုဖြစ်နေတယ်။ ထိခိုက်မိလို့ ချိုင့်ဝင်တာရော ဖေါင်းကြွနေတဲ့ အဖုအပိမ့်ရော ရေးနိုင်တယ်။

ပိမ့်
ကြားပိမ့်သူမြတ်
ဆိုပိမ့်မညှာ
ပြုမူပိမ့်
ပိပိပိမ့်ပိမ့်
ဆေးကင်းပိမ့်
သစ်ကင်းပိမ့်
ခရမ်းပိမ့်
အဖုအပိမ့်
အပိမ့်ထသည်
မေးပိမ့်
မြေပိမ့်
ပုံ့ပုံ့ပိမ့်ပိမ့်
ကင်းပိမ့်ပင်

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး