ဥမ္မာဒန္တီကို အကျည်းမတန်စေသင့်
၁။ ဥမ္မာဒန္တီ ပျို့အစအဆုံးရေးတင်ပေးပါဆရာ
အကုန်တော့ မတင်တော့ပါ။ အွန်လိုင်းမှာ ရှာရင်တော့ ဦးရွှန်းထက် မြန်မာစာတော်သူတွေက သတ်ပုံတွေပြင်ပြီး တင်ထားကြတာတွေ မမြင်ချင်အဆုံးရှိတယ်။
၂။ သီဝိမင်းကြီးနဲ့ ဥမ္မာဒန္တီ အကြောင်းလေးပြောပြပေးပါလား ဆရာ။
တလောကပဲ အိမ်မှာပြောသေးတယ်။ ဇာတ်တော်တွေထဲမှာ ဖန်ခါးသီးပါတာ ဘယ်ဇာတ်ထဲမှာလဲ။ ကျွန်တော်တို့ အလယ်တန်းမှာ ဇာတ်ကြီးဆယ်ဘွဲ့ထဲက တချို့ကိုသင်ရတယ်။ မင်းပူးဆရာတော် ဦးသြဘာသရေးတာတွေ။
ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ ဘုရားမဖြစ်မီ နောက်ဆုံးဆယ်ဘဝ။ အဲတာတွေကို ပညာရှင်တွေ တဦးက အရေးအသား အဖွဲ့အနွဲ့တမျိုး ရေးပါတယ်။ ဇာတ်လမ်းတွေက ဗာရာဏသီ စတဲ့မြို့တွေမှာအခြေပြုတာများတယ်။ ကျီးသဲလေးထပ် ဆရာတော်ရေးသားတော်မူတဲ့ ဇိနတ္ထပကာသနီကို ငယ်ငယ်ကဖတ်ရတယ်။ နည်းနည်းကြီးလာတော့ ငွေဥဒေါင်းရေးတဲ့ ဗုဒ္ဓစာပန်းချီစာအုပ်ဖတ်ရတယ်။ စာရေးနည်း ဖွဲ့ဆိုချယ်မှုန်းနည်း မတူပေမဲ့ ဖတ်တဲ့သူတွေကို ဆွဲဆောင်မှုပေးတယ်။
ဇာတ်တော်အားလုံးဟာ မြန်မာပြည်မှာဖြစ်တာ မဟုတ်ပါ။ သမိုင်းနဲ့ ပထဝီအကိုးအကား လိုက်ရှာလို့မရပါ။ ရှေးဟောင်း သုတေသန လုပ်မရပါ။ ကြည်ညိုဘွယ်ဖြစ်စေတာ မှန်တယ်။ စာအရေးကောင်းလေ ဖတ်လို့ကောင်းလေ။
ဥမ္မာဒန္တီပျို့သစ်ကို ဦးရွှန်း ခေါ် မဟာမင်းလှမင်းခေါင်ကျော်က ၁၂၁ဝ ပြည့်နှစ် အမရပူရမြို့မှာ စပ်ဆိုခဲ့ပါတယ်။ ဦးတင်နဲ့ ဦးဖိုးဖြူတို့က ကြီးကြပ်ပြင်ဆင်ပြီး၊ ဦးသိန်းဟန်က အမှာစာရေး၊ ဦးဝန်က ခက်ဆစ်ဖြေတဲ့စာအုပ်ကို ၁၉၆၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
၂၁။ စစ်ရေးမက်ရေး၊ ရန်သူဘေးကြောင့်၊ အပြေးအလွဲး၊ ဆွေမျိုးကွဲးသား၊ ပြည်ထဲးရေးရာ၊ ခက်သည်သာတည့်၊ အစာအစား၊ ထွားထွားမြည့်ကြေ၊ ရှားပါးလေ၍့၊ သေကျေပျောက်စဲး၊ ငတ်မွတ်ကဲးလျှင်၊ ပြည်ထဲးရေးထက်၊ ဝမ်းရေးခက်၏့။ ထိုထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရပဲး၊ လွမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲးရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏့။ အဖက်မရ၊ ခက်သုံးဝမူ၊ ဒုလ္လဘတွင်၊ မဝင်ပါလျက်၊ သည်အခက်ကား၊ သုထက်လွန်ကျူး၊ သာ၍့ထူး၏့၊ ရှေးဦးဖွားစ၊ ငါ့ကို မသား၊ သတ္တဘာဂ၊ ဒေဝရာဇာ၊ သူနှင့်ငါကို။ ။ ဖူးစားမရေး လေသလော။
အဲတာကို သူငယ်ချင်းက ပို့တာ။ သူနဲ့ ကျွန်တော်တို့က အထက်တန်းမှာ ဆရာဘုတလင်ချစ်လေးဆီကနေ မြန်မာစာ သင်ခဲ့ပါတယ်။ အခုခေတ်မှာ အတူ(တစ်)ကွလို့ ရေးကြတယ်။ ဥမ္မာဒန္တီထက် လှတဲ့သူတွေ ရှိကောင်းရှိမယ်။ မြန်မာစာကတော့ အရုပ်ဆိုးအကျည်းတန်သွားပြီ။
ဤမိန်းမမွန်၊ အလှလွန်သည်၊ အတန်မကြာ၊ အနိစ္စာတွင်၊ ဇရာမရဏံ၊ နိယတံနှင့်၊ ဓုဝံမချွတ်၊ ဖြစ်ရလတ္တံ။
(နိယတံ = အမြဲ။ ဓုဝ = မြဲမြံသည်၊ ခိုင်မြဲသည်။)
ဒေါက်တာတင့်ဆွေ
၎-၅-၂၀၂၀
Comments
Post a Comment