ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပညာပေးစာစောင်အဖြစ် ထုတ်တယ်။ တတိယတွဲကို ၁၉၆၆ မှာထုတ်တယ်။ ငယ်ငယ်က အတွဲအားလုံးကို ဝယ်ဖတ် သိမ်းထားခဲ့ပါတယ်။

တလောက တင်ပြထားတယ်။ ကမ္ဘာ့သမိုင်းကို မဆလ ကလည်းရေးကြောင်း။ သမိုင်းရေးသူတိုင်းဟာ အဖြစ်အပျက်တွေနဲ့ ခုနှစ်တွေကို လိုသလိုပြင်မရပါ။ ကောက်ချက်ဆွဲတာနဲ့ အသားပေးတာမှာတော့ ကွာကြတယ်။

ဒီစာအုပ်ထုတ်စဉ်က မြန်မာစာသတ်ပုံတွေဟာ အရင်ရှိထားခဲ့တဲ့ စံကိုက်သတ်ပုံတွေအတိုင်းဖြစ်ပါတယ်။

ခေတ်ပြိုင်မြန်မာနိုင်ငံခေါင်းစဉ်အောက်မှာ ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့က သိမ်းပိုပ်ပြီး သီပေါမင်း ပါတော်မူခဲ့ရသော်လည်း မြန်မာနိုင်ငံ တဝှန်းလုံး (တစ်ဝှန်းလုံး မဟုတ်) ကိုမူ ဗြိတိသျှတို့က အလွယ်တကူ (အလွယ်တစ်ကူ  မဟုတ်) မသိမ်းသွင်းနိုင်ခဲ့ပေ။

ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ပုံထည့်ထားတယ်။ တရုပ်ကိုလည်း တရုပ်လို့ရေးတယ်။

၁၉၈၀ ခုနှစ်နောက်ကစပြီး မြန်မာစာသတ်ပုံတွေ ကမောက်ကမဖြစ်လာတာ ကနေ့အထိ။ မြန်မာစာ သမိုင်းမှတ်တိုင်များကို အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး