မီဒီယာ

ကျွန်တော် ကိုယ့်ကိုယ်ကို ဆုံးမတဲ့ဆောင်ပုဒ်က ဘယ်မီဒီယာကိုမှ အာခံမပြောနဲ့။ ပြည်ပနိုင်ငံရေးမှာ အဲဒီထုံး နှလုံးမူခဲ့တယ်။

အခု ပြည်ပမှာနေရပေမဲ့ နိုင်ငံရေးထဲ ဝင်လုပ်သူ မဟုတ်တော့။ စည်းကမ်းဖေါက်ချင်လာပြီ။

အခုတပတ်အတွင်း ဘယ်မီဒီယာတွေက ဘယ်အရာကို ဘယ်လိုရေးကြသလဲ။ သိအောင်ကြည့်ကြစေချင်တယ်။ ဒွေးတော်လွမ်းတာလောက်က အကြောင်းမဟုတ်။

ဗိုလ်နေဝင်းက ပုဆိန်ရိုးစကား သုံးခဲ့တယ်။ သူက တမျိုး။

နဝတ သုံးတဲ့ ပုဆိန်ရိုးက လူရိုးနဲ့လုပ်ထားတာ။

အခုတခါ ကျောက်စိမ်းနဲ့ထုထားတာ။

ကျွန်တော်တို့ငယ်ငယ်က ပေါက်ဆိန်လို့ခေါ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး