Honorifics ဆရာဝန်အမည်ကို ဘယ်လိုခေါ်မလဲ

၁။ ဆရာဝန်ဆိုရင် နာမည်ရှေ့မှာ ဦး/ဒေါ် မတပ်ရဘူး phD ဒေါက်တာဆိုရင် ဦး ဒေါ် တပ်ရတယ် ဟုတ်လား ဆရာ

ဒေါက်တာဘွဲ့တိုင်းမှာ မ ကို ဦး ဒေါ် အဘ မထည့်ရ။

၂။ ဒေါက်တာ့ နှင့် ဒေါက်တာဦ့း့ ဘယ်ဟာအမှန်ဆိုတာဖြေကြားပေးပါဆရာ။ ဒေါက်တာ၏ အနောက်တွင် ဦး (သို့မဟုတ်) ဒေါ်တပ်၍ခေါ်လို့ ရပါသလားဆရာ။

ဒေါက်တာ၏အနောက်တွင်လို့ မရေးသင့်။ ဒေါက်တာ၏ နောက်တွင်လို့သာ ရေးသင့်။ အနောက်ဆိုတာ အနောက်အရပ်ကို ပြောတာ။ နောက်ဆိုတာ နောက်ကလို့ ဆိုလိုတယ်။

၃။ ဆရာရှင့် ဆရာဝန်တွေရဲ့ နာမည်ရှေ့မှာ ဦး ဒေါ် တပ်သင့်ပါသလားရှင့်။ ဥပမာ ဒေါက်တာဦးတင့်ဆွေ၊ ဒေါက်တာ ဦးမောင်ဝင်း၊ ဒေါက်တာဒေါ်ကြူကြူဆွေ စသည်ဖြင့်ပေါ့ရှင့်။

အင်္ဂလိပ်လိုမှာ လူအမည်ကို လေးစားသမှုနဲ့ခေါ်တာကို English honorific လို့ရှိတယ်။ Mr, Mrs, Miss, Ms, Mx, Sir, Dr, Lady or Lord သို့မဟုတ် ဘွဲ့ ထည့်ခေါ်တယ်။

Mr President, General, Captain, Father, Doctor or Earl စသည် ခေါ်တယ်။

ဘုရင်စံနစ်သုံးတဲ့နေရာတွေမှာ Your Majesty, Your Royal Highness or Your Highness စသည်းသုံးတယ်။ My lord/lady နဲ့ Your Lordship/Ladyship လည်းရှိတယ်။ Duke ကို Your Grace လို့ခေါ်တယ်။

Academic and professional titles ပညာပိုင်းဆိုင်ရာ အခေါ်များ

Dr (Doctor) လို့ ခေါ်နိုင်တာတွေက ဆရာဝန်၊ သွားဆရာဝန်၊ တိကုဆရာဝန်တွေမှာ သုံးတယ်။ Doc လို့ အင်ဖေါ်မယ်လည်း သုံးကြတယ်။

ယူကေ ပတ်စ်ပို့မှာ Doctor ထည့်ရေးပါသတဲ့။ ယူကေနဲ့ ယူအက်စ် မတူတာတွေရှိတယ်။
ပရော်ဖက်ဆာတွေကိုလည်း Professor ထည့်ခေါ်တယ်။ Vice-Chancellor ခေါ်တယ်။ Dear Mr Vice-Chancellor လို့ ရေးရတယ်။ Dear Vice-Chancellor လို့ မရေးပါ။

Principal, President, Master, Warden, Dean, Regent, Rector, Provost, Director, Chief Executive စတာတွေကိုလည်း ခေါ်တယ်။

မြန်မာပြည်မှာ နှုတ်ကျိုးနေကြတယ်။ ဦး နဲ့ ဒေါ် မပါရင် ရိုင်းသလိုထင်နေကြတယ်။ ဒေါက်တာနဲ့အတူ ဦး ဒေါ် မထည့်သင့်ပါ။ လူမှုဆက်ဆံရေးဆိုတာ လွဲနေတာတွေက ပြင်ရခက်တယ်။

Dr. Jane Smith လို့သာခေါ်တယ်။ Dr. Mr. Jane Smith လို့ မခေါ်ပါ။

Austin Powers ရုပ်ရှင်ထဲမှာ Dr. Evil ကို Mr. Evil လို့ခေါ်တဲ့အခါ ပြန်ပြောပါသတဲ့။ Dr. Evil ပါဗျာ။ ကျုပ်က Mister ဘွဲ့ ရအောင် ဆေးကျောင်းမှာ ၈ နှစ်တာ အချိန်ကုန်ခံခဲ့တာ မဟုတ်ဘူးတဲ့။

ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၇
၂၀-၁-၂၀၂၀
၅-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး