Bad Luck ကံတရားနှင့် ကျန်းမာရေး

ကံ စိတ် ဥတု အာဟာရ ကို ရှင်းပြပေးနိုင်မလားခင်ဗျ

အဲတာက ဘယ်အရာမှာမဆို ဖြစ်စေနိုင်တဲ့ အကြောင်းတရားလေးပါးဖြစ်ပါတယ်။ ရောဂါကိုသာပြောတာ မဟုတ်ပါ။

အစာအာဟာရကြောင့်ဖြစ်တဲ့ရောဂါတွေ ရှိတယ်။ ရောဂါတိုင်းတော့ မဟုတ်ပါ။ တချို့က ဘာဖြစ်ဖြစ် ဘာစားရမလဲ ဘာရှောင်ရမလဲ မေးကြတယ်။

Gastric Links အစာလမ်း လင့်များ https://doctortintswe.blogspot.com/2018/03/gastric-links.html

စိတ်နဲ့ဆိုင်တဲ့ရောဂါတွေလည်း ရေးထားတယ်။ မနည်းပါ။
Mental Health စိတ်ကျန်းမာရေးစာများ https://doctortintswe.blogspot.com/2019/12/mental-health.html

နွေ မိုးဆောင်း ကူစက်ရောဂါစာတွေလည်း ရေးထားတယ်။
Summer Time Infections နွေရာသီမှာ ဆင်ခြင်စရာ ကူးစက်ရောဂါ https://doctortintswe.blogspot.com/2019/03/summer-time-infections.html
Winter illnesses ဆောင်းရာသီမှာ ဝေဒနာ https://doctortintswe.blogspot.com/2016/11/winter-illnesses.html
Common infections during rainy season မိုးရာသီတွင် ဘာဆင်ခြင်ရမလဲ https://doctortintswe.blogspot.com/2017/08/common-infections-during-rainy-season.html

ကံကို ပြောရတာ ခက်တယ်။ ကိုးကွယ်ရာဘာသာ မတူကြလို့။ ဘုရားသခင်အလိုတော်ကျလို့ပြောတာနဲ့ ခပ်ဆင်ဆင်။ အင်္ဂလိပ်စာ လပ်ခ် နဲ့ ခပ်ဆင်ဆင်။ ဖေါ်ကျူး နဲ့ ခပ်ဆင်ဆင်။

ကံတရားကို ဆေးစာမှာလည်း သုံးလာတယ်။ Most Cancer Cases Arise from Bad Luck ဆောင်းပါးကို ၂၃-၃-၂၀၁၇ နေ့က STAT ထဲမှာ ရေးထားတယ်။ ကင်ဆာအများစုသည် ကံမကောင်း အကြောင်းမလှ၍ ဖြစ်ရသည်တဲ့။ လေ့လာ တွေ့ရှိချက်တွေကို အခြေခံရေးထားတာ။ ငြင်းဆိုချက်တွေလည်း ရှိပါတယ်။

ပတ်ဝန်းကျင်အကြောင်းခံ၊ မျိုးဗီဇအကြောင်းခံတွေကြောင့် ကင်ဆာအတော်များများဖြစ်တယ်။ ၂၀၁၅ ခုနှစ်က ၆၉ နိုင်ငံမှာ လေ့လာမှုတခုလုပ်တယ်။ ၆၆% သောကင်ဆာလူနာတွေမှာ Bad Luck ကံမကောင်းခြင်းလို့ ကောက်ချက်ချနိုင်တဲ့ မျိုးဗီဇပြောင်းလဲခြင်း တွေ့ရှိရတယ်။ cancer-causing genetic mutations လို့ခေါ်တယ်။ သူတို့ရဲ့ DNA မှာတွေ့ရတာ။

ဆိုစကားရှိတယ်။ လှံထမ်းလာတာသာမြင်ရ၊ ကံထမ်းလာတာ မမြင်ရတဲ့။ ယုံသူတွေလည်း အတူတူ၊ မယုံသူတွေလည်း အတူတူဖြစ်ကြတယ်။

မျိုးရိုးလိုက်တဲ့ ကင်ဆာတချို့ရှိတယ်။
Family Cancer Syndromes မိသားစု ကင်ဆာ ဆင်ဒရုမ်း http://doctortintswe.blogspot.com/2014/11/family-cancer-syndromes.html
Family History of Cancer ကင်ဆာမိသားစုရာဇဝင် http://doctortintswe.blogspot.com/2014/11/breast-conditions.html

အမေအဖေကို လူရွေးပြီး အမျိုးတော်ချင်လို့ ရပါသလား။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး