ခင်ပွန်းစစ် လေးပါး

ချောက်လှာ ပေးလှာ ပြီပြီ (ယခင်) ခြောက်လာ ပေးလာ ပီပီ (ယခု) ကျေးဇူးတင်ပါတယ် ဆရာ။

မဟုတ်ပါ။ အဲတာ မမှန်ပါ။ လာ နဲ့ လှာ မတူပါ။ ပီ နဲ့ ပြီ မတူပါ။ မေးခွန်းမေးသူတွေထဲမှာ ပါပီ ခေါ် ခွေးကလေးမွေးထားသူတွေ အတော်ကို များတယ်။

လာ
ထမင်းစားလာသလား
မိုးတွေလေတွေလာပြီ
ရာသီလာသလား
လာကြပါ
လာလာပကာ = လာလာသမျှ
လာသည်
လာသားအထွေ = လာခြင်း၏အကြောင်း
သူမလာသေး
အစဉ်အလာ
အလားအလာ
အသွားအလာ ဆင်ခြင်ပါ
ကောင်းသောလာခြင်း
ဆောင်းရာသီရောက်လာပြီ
ရောဂါသက်သာလာပြီ
ဟိုသို့လာ သည်သို့သွား၊ အငှားခန္ဓာမြောင်ရတယ်၊ ဆန်းခေါင်ထိမျိုး (ဦးကြင်ဥ)

လှာ
ကျလှာသောင်သဲ
ဆက်သလှာသည်
ပို့သလှာသည်
လှာလှာ = ပါးပါးလွှားလွှား၊ ပိန်ပိန်ပါးပါး
လှာသည် = အနီးသို့ရောက်လာသည်
တောင်းယမ်းလှာ၍
ပြောလှာသည်
ရောက်လှာငြားသည်
လျှောက်လှာသည်

လာ နှင့် လှာ နှစ်မျိုးတို့တွင် သာမန်အရာတွက် လာ ကိုသုံးရသည်။ အနီးသို့ရောက်လှာသည်ကို လှာ ဟု သုံးရသည်။

ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html

တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html

ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html

ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/2018/10/blog-post_994.html

မြန်မာစာမှာ ပီး မရှိပါ https://doctortintswe.blogspot.com/2019/01/blog-post_560.html

P ပီ https://doctortintswe.blogspot.com/2017/02/p.html

ခင်ပွန်းစစ် လေးပါး
မေ့လျော့စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလှာသည် လေးဖြာ ဥပကာရတည်း။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး